ဒီချာတိတ်လေး ဘာလုပ်နေတာလဲ သိလား မီးသင်္ဂြိုဟ်ဖို့ စောင့်နေတာ

ဒီချာတိတ်လေး ဘာလုပ်နေတာလဲ သိလား။ မီးသင်္ဂြိုဟ်ဖို့ စောင့်နေတာ။ သူ့နောက်မှာ လွယ်ထားတဲ့ ကလေးလေးက သူ့ညီလေး။ အသက်မရှိတော့ဘူး။

ဒီဓါတ်ပုံကို၁၉၄၅၊ ဂျပန်( Nagasaki ) စစ်တွင်းတုန်းက အမေရိကန်စစ်သား Joe O’Donnellက ရိုက်ခဲ့တာ ဖြစ်တယ်။ အချိန်က စစ်အတွင်း။ ဒီမတ်တပ်ရပ်နေတဲ့ ဂျပန်ကလေးငယ်( Akihiro San) ဟာ အရွယ်နဲ့မမျှအောင် သူ့ပါတ်ဝန်းကျင်မှာ လူသေအလောင်းတွေကို ဘယ်လောက်များ မြင်ထားရမလဲ။

လောလောဆယ် အနေအထားအရလည်း ဥမမယ်စာမမြောက် သေးတဲ့ ကိုယ့်ညီလေး အလောင်းကို သယ်ပိုးပြီး မီးသင်္ဂြိုဟ်ဖို့ စောင့်နေတဲ့ ဒီကလေးရဲ့ အဖြစ်။ ဒါပေမယ့် ဒီဂျပန်ကလေးလေးဟာ သာမန်လူကြီးတစ်​ယောက် မထားနိုင်တဲ့ မျက်နှာမျိုးကိုဆောင်ထားတယ်။

နာကျည်းခြင်း၊ ခံပြင်းခြင်း၊ ဝမ်းနည်းကြေကွဲခြင်း၊ ချုပ်တည်းထားရခြင်းတွေ စတဲ့ပြင်းထန်လွန်းတဲ့ ခံစားချက်တွေ ရောပြွမ်းနေတဲ့ မျက်နှာရိပ် ဖြစ်နေပေမယ့် ကျိန်းသေတာက ကြောက်ရွံ့မှုကို လုံးဝမ​တွေ့ရတာပဲ။

နောက်ပိုင်း သူ့ဓါတ်ပုံကို အသေးစိတ်အကျယ်ချဲ့ကြည့်တော့ ညာဘက်မျက်ဝန်းထောင့်မှာ မျက်ရည်စလေး စို့နေတာ တွေ့ရတယ်။ ဖိနပ်မပါဘူး။ နှပ်တွဲလောင်းနဲ့။ ဒါပေမယ့် သူညွှတ်ကျမနေဘူး။

လောကမှာ မွေးဖွားရတာ မခက်ဘူး။ သေဆုံးရတာကတော့ မွေးဖွားရတာထက် စာရင် ပိုခက်တယ်။ အခက်ဆုံးက မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက ” ရှင်သန်ခြင်း” ပဲ။

အဲ့သည့် “ရှင်သန်ခြင်း” ယိုင်လဲစေဖို့ ဆိုရင် “အကြောက်တရား” ကို သုံးရတယ်။ “ရှင်သန်ခြင်း” ကို ခိုင်မြဲစေဖို့ဆိုရင်တော့ “ရဲရင့်ခြင်း” လိုတယ်။ အခု ဒီပုံထဲက ဂျပန်ကလေးငယ်ရဲ့ စိတ်ဓါတ်မျိုး ဂျပန်အတော်များများ မှာ ရှိခဲ့ကြတယ်။ ဒါကြောင့် ကမ္ဘာမှာ သူတို့ ရှင်သန်နေတယ်။ ခိုင်မြဲနေတယ်။ ဘယ်လို အခက်အခဲနဲ့တွေ့တွေ့ မယိုင်မလဲ ရှိနေတယ်။

ပြောချင်တာက ကျမတို့ မြန်မာနိုင်ငံသားတွေလည်း ရှင်သန်ဖို့ ရဲရင့်မှ ဖြစ်တော့မယ်။

Credit : Ma Nandar