မဟာဗောဓိမြိုင် ဆရာတော်ဘုရား၏ ထူးခြားသည့် ဖြစ်ရပ်

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့ အနီးရှိ လူသူနှင့် မနီးသည့် သု၀ဏ္ဏသျံ တောင်ပေါ်တွင် သီတင်းသုံးစဉ်က ထူးခြားသည့် ဖြစ်ရပ်ပါ။

ဆရာတော်ဘုရားကြီးသည် သီတင်းသုံးရာ သု၀ဏ္ဏသျှံ တောင်ပေါ်မှ ပလောင်တိုင်းရင်းသားရွာ အထိ နေ့စဉ်နေ့တိုင်း ဆွမ်းခံ ကြွတော်မူပါတယ်။

ကျောင်းမှ ပုံမှန် နံနက် (၁၀:၃၀)နာရီတွင် ဆွမ်းခံ ကြွတော်မူပြီး နံနက် (၁၁:၀၀)နာရီတွင် ကျောင်းသို့ ပြန်ရောက်တော် မူပါတယ်။

ထို သု၀ဏ္ဏသျှံ တောင်ပေါ်မှ ပလောင်ရွာအထိ လမ်းလျှောက်က်ပါက အဆင်းလမ်း ဖြစ်၍ အသွား (၃:၀၀)နာရီနှင့် အတက်လမ်းဖြစ်သောကြောင့် အပြန် (၃:၀၀)နာရီကျော် ကြာမြင့်ပါတယ်။

အပြန် ဆိုလျှင် တောင်ပေါ် တောင်တက်လမ်း ဖြစ်လို့ တောင်ခြေမှ တောင်ပေါ် ကျောင်းအထိ ကိုပင် (၁:၀၀)နာရီနီးပါး တက်ရသော ခရီး ဖြစ်ပါတယ်။

ခြေလျင်ဖြင့် အသွား၊ အပြန် (၆)နာရီကျော် ကြာမြင့်သည့် တောင်ပေါ်လမ်းခရီးကို မိနစ်(၃၀)တည်းဖြင့် ဆွမ်းခံ ကြွသည် ဆိုသော သတင်းကြောင့် ထိုစဉ်ထဲက ” ရဟန္တာ “လို့ သမုတ် နေကြသဖြင့် ကျော်ကြားတော် မူပြီ ဖြစ်ပါတယ်။

ပလောင် တိုင်းရင်းသားရွာမှ ပလောင် လူမျိုးများက မဟာဗောဓိမြိုင် ဆရာတော်ကို ယနေ့ချိန်အထိ သူတို့၏ သက်ရှိ ဘုရားသခင်လို့ ရည်ညွှန်း ပြောကြပါတယ်။

ဆရာတော်ကို ပလောင် လူမျိုးများက …

၁။ ဘာကြောင့် ကြည်ညို ကြတာလဲ ?
၂။ ဘာလို့ သူတို့တွေရဲ့ သက်ရှိဘုရား လို့ ပြောကြတာလဲ ?

မေးမြန်း၊ စုံစမ်း ကြည့်သော အခါမှာ …

သူတို့ ရွာနားက တောင်ကျချောင်းရေဟာ မိုးတွင်းကာလ မိုးကြီး၍ တောင်ကျရေ ကျချိန် ဆိုလျှင် ကျွဲတောင် ဖြတ် မကူးရဲ ပါဘူးတဲ့။

ကူးလျှင် ရေစီးသန် လွန်းသောကြောင့် အသက်ရှင်တာ မရှိပါဘူး တဲ့။

ထို ချောင်းရေ ပေါ်ကနေ ဆရာတော်ကြီးက လမ်းလျှောက်ပြီး ကြွသွားတာကို ရွာသားတစ်ချို့ မြင်တွေ့ရာကနေ ဆရာတော်ကို သူတို့ရဲ့ သက်ရှိဘုရား လို့ ယုံကြည်ပြီး ဆွမ်း လောင်းလှူကြတာပါတယ် တဲ့။

ထိုကဲ့သို့သော ကျော်ကြားမှုများကြောင့် ထိုကာလ စစ်အစိုးရလက်ထက် ထောက်လှမ်းရေးတပ်မှ လာ၍ ထောက်လှမ်းသည် အထိ ဖြစ်လာ ပါတော့တယ်။

ထောက်လှမ်းရေးတပ်မှ စစ်သားများဟာ သု၀ဏ္ဏသျှံ တောင်ပေါ်မှ စ၍ ပလောင်ရွာအထိ (၁)မိုင်ခြားစီ အစောင့် စစ်သားများ ထားပြီး ဆွမ်းခံ ကြွသည့်အချိန်ကို မှတ်တမ်းများ ယူ၍ စောင့်ကြည့်ရာတွင် ..

ဆရာတော်ဘုရားကြီး တောင်ပေါ်ကျောင်းမှ စ၍ ဆွမ်းခံ ကြွသည့် အချိန်သည် နံနက် (၁၀:၃၀)နာရီ ဖြစ်ကြောင်း ဝေါ်ကီတော်ကီ ဆက်သွယ်ရေး စက်များဖြင့် တောင်ပေါ်နှင့် တောင်အောက် ပလောင်ရွာအထိ ခရီးလမ်းတစ်လျှောက် စောင့်ကြည့်၍ မှတ်တမ်းများ ရယူ ကြပါသည်။

ထိုသို့ စောင့်ကြည့်ရာ တောင်ပေါ်ကျေင်းမှ ပလောင်ရွာသို့ ဆွမ်းခံကြွသည့် ခရီး တစ်လျှောက်လုံးရှိ အစောင့် စစ်သားများ အားလုံးတို့သည် ဆရာတော်ကြီးကို တွေ့ရှိ၍ မှတ်တမ်း ယူချိန်သည် နံနက် (၁၀:၃၀)နာရီသာ တူညီစွာ ဖြစ်နေပါတယ် တဲ့။

ဆရာတော်ကြီး ပလောင်ရွာတွင် ဆွမ်းခံချိန်မှာ နာရီဝက် ကြာမြင့်ပြီး အသွား၊ အပြန် ခရီး ကြာမြင့်ချိန်သည် ပလောင်ရွာမှ တောင်ပေါ်ရှိ ကျောင်းသို့ နံနက် (၁၁:၀၀)နာရီ ပြန်ကြွလျှင် တောင်ပေါ်ရှိ ကျောင်းတော်သို့ နံနက် (၁၁:၀၀) နာရီ ပြန်လည် ရောက်ရှိသည်မှာ ထူးခြား နေပါတယ်။

ဆရာတော် ဆွမ်းခံပြီး ပလောင်ကျေးရွာမှ ပြန်ကြွရာ ခရီးလမ်းတွင် တစ်မိုင်စီခြား စောင့်ကြည့် မှတ်တမ်း ယူနေသော စစ်သားတိုင်း ကလည်း ဆရာတော်ကြီးကို တွေ့မြင်ချိန်မှာ တူညီစွာဖြင့် နံနက် (၁၁:၀၀)နာရီ တစ်ချိန်တည်းသာ ဖြစ်မေ ပြန်တာကလည်း ထူးခြားမှု ဖြစ်နေပါတယ်။

ထိုစဉ်က ထောက်လှမ်းရေးတပ်မှ ဆရာတော်ဘုရားကြီးအား တာ၀န်ပေးမှု အရ စောင့်ကြည့်ရခြင်း ဖြစ်ပါကြောင်း လျှောက်ထား တောင်းပန်ပြီး ..

ဆရာတော်ဘုရားကြီးအား အေးချမ်းစွာ သီတင်းသုံး ပါရန်နှင့် လိုအပ်သည်များကိုလည်း လှုဒါန်းမည် ဖြစ်ပါကြောင်း လျှောက်ထား သော်လည်း …

ဆရာတော်ဘုရားကြီးသည် ထိုအချိန်မှ စ၍ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မိုင်းပျဉ်းမြို့အနီး သု၀ဏ္ဏသျှံတောင်မှ ရုတ်တရက် ပျောက်ကွယ်သွားပြီး …

နှစ်ပေါင်း အတော်ကြာမှ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ပြန်လည်၍ ပေါ်ထွက် ဖူးတွေ့ခွင့် ရခဲ့ပါသည်။

ထို့ကြောင့် ကံထူး၍ ကြုံခိုက်မှာ လှူဒါန်း ဦးခိုက် ကြပါကုန်လော့။ ကျွန်ုပ်သည်လည်း ကံထူးစွာဖြင့် အနီးကပ် ဖူးမျှော်ဖူး၍ ကြည်ညိုခွင့် ရခဲ့ပါသည်။

Credit : မူရင်းရေးသားသူ