ဆေးလှူရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူး (၁၀) ပါး

သဒ္ဓါ၊ မေတ္တာ၊ ကရုဏာ၊ ပညာဖြင့် မကျန်းမာသူအားလုံး ကျန်းမာအောင် ဆေးဝါးကုသပေးလျှင် ဆေးဝါးဓာတ်စာ လှူဒါန်းပေးကမ်းလျှင် ဆေးကုသနိုင်အောင် ဆေးရုံဆေးခန်း ဆောက်လုပ်ပေးလျှင် ထိုမွန်မြတ်သော စိတ်ထားရှိသူ စေတနာရှင်သည် အကျိုး ( ၁၀ ) ပါးကို ဧကန် ရရှိသည်။

( ၁) ဘဝတိုင်း အသက်ရှည်သည်။ သက်တမ်းစေ့အောင် ကျော်အောင် နေရသည်။

( ၂) ဥပဓိရုပ်ပြည့်စုံ၍ ရုပ်ဆင်းလှပသည်။

( ၃) ကိုယ်စိတ်နှစ်ပါး ချမ်းသာအေးမြသည်။

( ၄) ကာယဗလပြည့်စုံသည်။ ခွန်အားကောင်းသည်။

( ၅) ဥာဏ်ကြီးမား ထက်မြက်သည်။ အရာရာ အသိစူးရှထက်မြက်သည်။

( ၆) ချစ်ခင်မြတ်နိုးအပ်သည့် ဆွေမျိုးမိတ်ဆွေများနှင့် မကွဲမကွာ ရာသက်ပန်တစ်သက်လုံး အတူနေရသည်။

( ၇) ဆင်းရဲမှုကင်းသည်။ အောက်ကျနောက်ကျ အခြေအနေမဲ့ မဖြစ်ရ။ စိုးရိမ်ကြောင့်ကြ ပူပန်စရာကင်းသည်။

( ၈) ဆန့်ကျင်ဖက် ဘေးရန် ကင်းဝေးသည်။ မည်သည့်သက်ရှိသက်မဲ့ ဘေးရန်ကမျှ အနှောင့်အယှက် မပေးနိုင်ကြ။

( ၉) စိတ်၏ချမ်းသာကြောင်း အခြံအရံကောင်းများနှင့် ပြည့်စုံသည်။ ဆွေမျိုးမိတ်ဆွေကောင်း ပေါများသည်။

( ၁၀) အများ၏ ရိုသေလေစားမြတ်နိုးမှုကို ခံယူရသည်။

တိပိဋကဓမ္မဘဏ္ဍာဂါရိက( ယော ) ဆရာတော်ဘုရားကြီ