ဖယောင်းတိုင်ထွန်းပြီး ဘုရားရှိခိုး ဆုတောင်းရင် မလုပ်သင့်တဲ့ အချက်များ

ဖယောင်းတိုင်ထွန်းပြီး ဘုရားရှစ်ခိုး ၊ ဆုတောင်းခြင်းတွေဟာ ritual လို့ခေါ်တဲ့ အစီအရင်တွေပါပဲ။

ဖယောင်းတိုင်တွေနဲ့ ပတ်သက်ပြီး အရောင်စွမ်းအင်တွေကအစ အကျယ်တဝင့် ရေးသားထားပြီးသားဖြစ်တော့ မလုပ်သင့်တဲ့ အချက်ကိုပဲ ဖော်ပြပါရစေ။

ကနဦးအနေနဲ့ ဖယောင်းတိုင်မီးစထွန်းညှိပြီးလို့ ထွန်းတဲ့အခါ ကိုယ်ထွန်းမယ့် ဖယောင်းတိုင်မှ ဖယောင်းစက်လေးတွေပဲ ချထွန်းပါ ။ အခြားဖယောင်းတိုင် တစ်ခုနဲ့ အောက်ခြေကို မီးအပူပေးခြင်း မလုပ်ပါနဲ့ ။

ကိုယ်တောင်းတဲ့ ဆုတွေက ကမောက်ကမ ဖြစ်တတ်သလို ဖယောင်းတိုင် ဇောက်ဖိုးသဘော သက်
ရောက်ပါတယ်။

ဒုတိယအချက်အနေနဲ့ အကြောင်းတစ်ခုခုကြောင့် မီးငြိမ်းသွားခဲ့ရင် ၊ ဖယောင်းတိုင် လဲသွားရင် ဆက်မထွန်းပါနဲ့ ။

နောက်ဆုံးအချက်အနေနဲ့ ဖယောင်းတိုင်တွေကို ငြိမ်းတဲ့အခါ ပါးစပ်ဖြင့်မှုတ်ပြီး မငြိမ်းသတ်ပါနဲ့ “ဒီအစီအရင် ၊ ဆုတောင်းကို ဖျက်သိမ်းတယ်” ဆိုတဲ့ သဘောပါ ။ တစ်ခုခုလေးနဲ့ ဖိငြိမ်းတာမျိုးလေးပဲ
လုပ်ပါ။

ရဲထက်မွန် ( ခါတော်မှီ )