မာလာရေစင် ကပ်လှူတဲ့အခါ ဘယ်လို ရွတ်ရလဲ

🌻ဘဝဘဝဟောင်းများစွာကတော်စပ်ခဲ့ဖူးသော ဘိုးဟောင်းဘွားဟောင်းများနှင့်တကွ ပဌာန်းဆက်ရှိခဲ့ဖူးသော ဆွေတော်မျိုးတော် အပေါင်း၊ မမြင်အပ်တဲ့ပုဂ္ဂိုလ်တို့အား ကျွန်ုပ်မှ အပြစ်များရှိပါက ကြေအေးပေးပါ ကျေနပ်ပေးပါ ခွင့်လွှတ်ပေးပါ သင်တို့အားလုံးရဲ့ကိုယ်စား ကျွန်ုပ်မှနေ၍ မြတ်စွာဘုရားရှင်အား ဤမာလာရေစင်ဖြင့်ကပ်လှူပူဇော်ပါသည်

🌻(ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ဥာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တ၊မေတ္တာတော်အနန္တ၊သစ္စာတော် အနန္တ၊ ပါရမီတော် အနန္တတို့နှင့်ပြည့်စုံတော်မူသော သက်တော်ထင်ရှား အရှင်မြတ်စွာဘုရားအား ဥဒ္ဒိသ ရည်မှတ်သမှု အာရုံပြု၍ အကျွန်ုပ်ကို စောင့်ရှောက်သော ကိုယ်စောင့်နတ်၊အကျွန်ုပ်ကိုစောင့်ရှောက်သော အစောင့်အရှောက်များနှင့်တကွ ဆွေဆက်၊ မျိုးဆက်၊ပဌာန်းဆက်၊ ဆွေတော်၊ မျိုးတော်အပေါင်း၊ မမြင်အပ်တဲ့ပုဂ္ဂိုလ်များနှင့် သိုက်နန်းရှင် အားလုံး တို့အားရည်စူး၍ ၄င်းတို့နှင့်ပေါင်းစု၍ ၄င်းတို့နှင့် အတူတကွ ဤ မာလာ ရေစင်ကို အရှင်မြတ်စွာဘုရားထံ သဒ္ဒါကြည်ဖြူစွာဖြင့် မွန်မြတ်သန့်စင်စွာ ကပ်လှူပူဇော်ပါ၏။ အလှူခံတော်မှူပါ) (သုံးကြိမ်)

သိမှတ်စုဆောင်းမိသမျှကိုဖြည့်စွက်မျှဝေပါသည်။
𝐶𝑟𝑒𝑑𝑖𝑡 𝑡𝑜 𝑜𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑢𝑝𝑙𝑜𝑎𝑑𝑒𝑟