သေသူကို သရဏဂုံတင်လို့ ရနိုင်သလား

မရပါဘူး.. သေသူကို သရဏဂုံတင်လို့ ဘာမှ အကျိုးမရှိတော့ပါဘူး… ဒါဆိုရင် ဘာလို့ သုဿာန်တွေမှာ သရဏဂုံ တင်ကြတာလဲ..?

သုဿာန်တွေမှာ သရဏဂုံတင်ကြတာဟာ
သေသူအတွက် မဟုတ်ပါဘူးကျန်ရစ်သူ
မိသားစုတွေ မိတ်ဆွေအပေါင်းအသင်းတွေ ဟာ
သေသွားသူအတွက် ဝမ်းနည်း ပူဆွေ ဗျာပါဒတွေ
ဖြစ်ကြတော့

သရဏဂုံပန်းဟာ ညိုးနွမ်းနေကြတယ်
ဒါကို ပြန်ပြီး လန်းဆန်းစေဖို့အတွက်
နောက်တစ်ချက်က

ဆွေမျိုးတစ်ဦးဦး ပျက်စီးဆုံးရှုံးသွားလို့
ဆင်းရဲ ဒုက္ခကြီးစွာခံစားနေရတဲ့ ကျန်ရစ်သူ
မိသားစုဝင်တွေ ဆွေမျိုးတွေကို ဒုက္ခနည်းပါး
စေဖို့ သောကနည်းပါးစေဖို့အတွက်

ဘုရားကို သတိရကြပါ တရားကို သတိရကြပါ
သံဃာကို သတိရကြပါလို့ ကျန်ရစ်သူများ
သောကနည်းပါးစေဖို့ လျော့ပါးစေဖို့ သတိပေး
တဲ့သဘောနဲ့

သရဏဂုံတင်တာပါပဲ….သရဏဂုံ တည်ရခြင်းရဲ့
အကျိုးတရားဟာလည်းအလွန်များပါတယ်
သာဓကတွေ အများကြီးပါ

သေသူ အလောင်းကောင်ကြီးကတော့
သရဏဂုံ တင်လို့လည်း မရပါဘူး
သူလည်း ဘာမှ မသိတော့ဘူး

ပြိတ္တာအဖြစ်နဲ့ အနီးအပါး ကျင်လည်နေရင်တော့
သုဿာန်မှာ သရဏဂုံတင်ပြီးအမျှဝေတာကို
သာဓုခေါ်ပြီး သုဂတိကို ရောက်နိုင်ပါတယ်

နောက်ပြီးတော့ သုဿာန်မှာမကျွတ်မလွတ်
သေးတဲ့ သတ္တဝါတွေလည်းကုသိုလ်၏ အဖိုး
ဘာဂကို သာဓုခေါ်ဆိုနိုင်ကာ

ကောင်းရာဘုံဘဝကို သူတို့လည်း ရောက်သွား
စေနိုင်တာမို့သုဿာန်မှာ သရဏဂုံတင်ကြ
တာဟာကောင်းသော ဓလေ့ ကောင်းသော
အလုပ်တစ်ခုဖြစ်တယ်..

သရဏဂုံတင်ခြင်းရဲ့ အဓိကရည်ရွယ်ချက်
ကတော့သေသူထက် ကျန်ရစ်သူတွေ သောက
နည်းပါးစေဖို့နဲ့

သေသူအကြောင်းပြုပြီး သရဏဂုံ ကုသိုလ်
သီလကုသိုလ် ဒါနစသောကုသိုလ်တွေကို ရရှိ
စေချင်လို့ဖြစ်ပါတယ်…..

သရဏဂုံတင်ခြင်းဟာအကျိုးမဲ့တာမဟုတ်
ပါဘူး အကျိုးရှိသော အလုပ်ပါ…

ဒါဆိုရင် တစ်ချို့နေရာတွေမှာမိသားစုလည်း
မပါ လူတွေလည်းမပါပဲအလောင်းကောင်းကြီးနဲ့
ဘုန်းကြီးတစ်ပါးတည်းအလောင်းကြီးကို ရှေ့က
ချပြီး သရဏဂုံတင်နေကြတာအဓိပ္ပါယ်ရှိ
ပါသလား…?

ဒါကတော့ အဓိပ္ပါယ်မရှိပါဘူး

ဘုန်းကြီး တိုင်ပေးတဲ့ သရဏဂုံကိုအလောင်း
ကောင်းကြီးက လိုက်ဆိုနိုင်တာလည်းမဟုတ်ဘူး..
. ဒါပေမယ့် အဲ့လို လုပ်နေကြတာကတော့
မြင်ရတာ တော်တော် ရယ်စရာပါ

အမှန်ဆိုရင် ဘုန်းကြီးက ဘုရားရှိခိုး ပရိတ်
ပဋ္ဌာန်းရွတ်ပြီးကုသိုလ်ကို အမျှပေးတာကမှ
သေသူဟာအနီးအနားမှာ သာဓုခေါ်ဆိုနိုင်တဲ့
ပြိတ္တာ အမျိုးအစားဖြစ်နေရင် သာဓုခေါ်ပြီး
သုဂတိဘုံရောက်နိုင်ပါဦးမယ်

အဲဒါမျိုး မဟုတ်ပဲ သရဏဂုံသွားတင်
နေရင်တော့အဓိပ္ပါယ်မရှိပါဘူး…တော်ကြာ
အလောင်းကြီးထလာပီးသရဏဂုံကို လိုက်ဆို
နေရင် အခက်ပါပဲ.

ဒါနဲ့ ပတ်သတ်လို့ ကိုယ်တွေ့တစ်ခုကြုံဖူးပါတယ်
၂၀၀၅ ခုနှစ်က အဲဒီတုန်းက ဦးဇင်းတုန်းက
ဦးဇင်းဟာ ကိုယ်ရင်ဘဝပဲရှိပါသေးတယ်
ဧရာဝတီ ဖျာပုံမြို့နယ်က ကရင်ရွာလေး
တစ်ရွာကို(အိမ်ခြေကတော့ ၆၀ လောက်ရှိပါတယ်)
မိုးရာသီအစလောက်မှာ အလည်ရောက်သွားတယ်
ဦးဇင်းရောက်သွားချိန်က ကျောင်းက ဘုန်းကြီးက
ရန်ကုန်ကို ဘုရားဖူးကြွသွားတယ်
ဦးဇင်းရောက်လို့ ၂ ရက်ပဲကြာတယ်
အသက် ၇၀ ဝန်းကျင် ဒကာကြီးတစ်ယောက် ဆုံးသွားတယ်
ဒါနဲ့ ကျောင်းကိုလာပီး သုဿာန်ကို သရဏဂုံတင်ပေးဖို့
လာလျှောက်တော့ ဦးဇင်းလည်း ဘုမသိ ဘမသိလိုက်သွားတယ်

သုဿာန်ရောက်တော့ မိသားစုအပါအဝင်
လူဦးရေ၂၀ လောက်ရှိမယ်….ထုံးစံအတိုင်းပေါ့
ဆရာကန်တော့ သီလပေး သရဏဂုံတင်အမျှဝေ
ရေစက်ချပေါ့ အားလုံးက အဆင်ပြေပါတယ်
အဆင်မပြေတာ တစ်ခုကတော့

ဦးဇင်းရောက်တာနဲ့ ဦးဇင်းရှေ့က ခေါင်းကြီးကို
ဖွင့်လူကြီးတစ်ယောက်က အလောင်းပါးစပ်ကို
ဖွင့်ပြီးပုဝါစတစ်ခုကို ထိုးထည့် ကျန်တဲ့ တစ်စကို
ကျတော့ဦးဇင်းကို ကိုင်ခိုင်းပြီး သီလပေး
သရဏဂုံတင်အမျှဝေရတယ်..

ဘာလို့လဲမေးကြည့်တော့
ဘုန်းကြီးသရဏဂုံတင်ပေးတာကို
လူသေအလောင်းက တိုက်ရိုက်လိုက်ဆိုနိုင်အောင်..တဲ့
အဝေးကကြည့်လိုက်ရင်တော့

ဘုန်းကြီးနှင့် အလောင်းကောင် ပုဝါတစ်ကမ်း
လက်တစ်ကမ်းနဲ့ မြိုင်စခန်း အငြိမ်းကနေရ
သလိုပါပဲတော်တော်လည်း ရယ်စရာကောင်း
ပါတယ်…

ဒါဆိုရင် ကိုဗစ်ကာလမှာ သေသွားသူတွေ
သရဏဂုံတင်ခွင့်မရတော့ ကောင်းရာသုဂတိ
ရောက်နိုင်ပါမလား…?

ဒါကတော့ စောစောက ဖြေပြီးပြီလေသရဏဂုံ
တင်တာဟာ သေသူကို မဟုတ်ပါဘူးလို့
ကောင်းရာသုဂတိ ရောက်နိုင်လား မရောက်
နိုင်လားဆိုတော့

သူမသေခင် ကောင်းရာဘုံဘဝ ရောက်စေ
နိူင်သောကောင်းမှု ကုသိုလ်ကံတွေ..သို့မဟုတ်
သေခါနီးမှာဖြစ်တဲ့ အာသန္နကံက ကောင်းသော
ကံ ဖြစ်ခဲ့သလားမဖြစ်ခဲ့သလားဆိုတာနဲ့ပဲ
ဆိုင်ပါတယ်

မသေခင် နေ့စဉ်ပြုလုပ်နေကျ အာစိဏ္ဏကံက
ကောင်းသောကံဖြစ်နေမယ်ဆိုရင် သေခါနီး
ဖြစ်သောအာသန္နကံကလည်း ကောင်းတဲ့ကံ
ဖြစ်နေမှာပါ

အာစိဏ္ဏကံက မကောင်းဘူးဆိုရင်တော့
အာသန္နကံကလည်း မကောင်းနိုင်ပါဘူး
ပိန္နဲပင်စိုက်ပြီး သရက်သီးသီးစေချင်လို့
မရသလိုအရက်သောက်လာပြီး ပါးစပ်က
ပန်းရနံ့လေး ထွက်ပါစေဆိုလို့ မရနိုင်ပါဘူး….

ဖြစ်နိုင်မယ်ဆိုရင် ကျန်ရစ်သူတွေကဘုရားကို
ဆွမ်းပဲကပ်ကပ် ပန်းပဲလှူလှူပြုပြုသမျှ
ကုသိုလ်၏ အဖိုးဘာဂကိုသေသွားသူရဲ့ နာမည်
သေသွားတဲ့ နေ့ရက်တွေကိုပါးစပ်ကနေခေါ်ပြီး…

ယနေ့ပြုရ ကုသလ၏အဖိုးဘာဂကို ဘယ်နေ့
ဘယ်ရက် ဘယ်အချိန်ကဘဝတစ်ပါးသို့
ပြောင်းသွားသူ..ဦး….မ…..အား

အထူးအားဖြင့် အမျှပေးဝေပါ၏ ထိုမှတစ်ပါး
၃၁ ဘုံ၌ ကျင်လည်နေကြကုန်သောသတ္တဝါ
မှန်သမျှ အနန္တတို့အားလည်း အမျှပေးဝေပါ၏

သာဓုခေါ်ဆိုနိုင်ကာကောင်းရာဘုံဘဝမှာ
စံမြန်းနိုင်ပါစေ..ဆိုပြီးပါးစပ်ကအသံထွက်
အမျှပေးဝေရင်လည်း

သေသူက အပေါ်က ပြောခဲ့သလို သာဓုခေါ်
နိုင်တဲ့ပြိတ္တာဘုံဘဝ တစ်ခုခုကိုရောက်နေရင်
သာဓုခေါ်ဆိုနိုင်ပြီး ကောင်းရာသုဂတိကို
ရောက်နိုင်ပါတယ်လို့…ဖြေပါရစေ…။

တစ်ခါက မူဆယ် သုဿာန်ရောက်ခဲ့စဉ်ကပုံ

#အရှင်အာလောကမြောက်ဦး…။
#မေတ္တာဖြင့်
#ပြန်လည်မျှဝေပါသည်။