ကလေးရဲ့ လေပြွန်ထဲမှာ မြေပဲစေ့လေး ပိတ်နေတာပါ

ကလေးရဲ့ လေပြွန်ထဲမှာ မြေပဲစေ့လေး ပိတ်နေတာပါ။ သေသွားတဲ့ ကလေးရဲ့ လေပြွန်ကို ခွဲစိတ်ပြထားတာပါ။ ကလေးတွေရဲ့ လေပြွန်က သေးသေးလေးပါ။

လေပြွန်နဲ့ အစာမြိုပြွန်က ကပ်နေတော့ သေးငယ်တဲ့ အရာဝတ္တုလေးတွေ မတော်တဆဝင်သွားရင် သေတတ်ပါတယ်။ ဥပမာ – သကြားလုံး သြဇာစေ့ အစရှိသဖြင့်။

ဒါကြောင့်ကလေးတွေကို သကြားလုံးကြွေးတာဖြစ်ဖြစ် မြေပဲဖြစ်ဖြစ် သေးသေးလေးဖြစ်အောင် ခွဲခြမ်းပြီး‌ကျွေးပါ။ စပျစ်သီးတွေ ကျွေးမယ်ဆိုလည်း ဂရုစိုက်ပြီး ကျွေးပါ။

မိမိရဲ့ ဆရာမတစ်ဦး၏ အတွေ့အကြုံ

လက်ထောက်ဆရာဝန်ဘဝက အရှေ့ပိုင်းဆေးရုံမှာ ၂နှစ် အရွယ်ကလေးလေး မုန့်လုံးရေပေါ် စားရင်းပြေးဆော့တော့ သီးပြီးလေပြွန်တဲ့ရောက် အသက်ရှူကြပ် ဆေးရုံကို Brought dead နဲ့ရောက်လာပါတယ်။

စဖြစ်တော့ နားလည်တဲ့သူက ရှေးဦးသူနာပြုစုနည်းနဲ့ မုန့်လုံးရေပေါ် ထွက်သွားအောင်လုပ်ပေမယ့် ပျော့ပြီး ကပ်နေလို့ မထွက်ဘဲ ကလေးအသက်ဆုံးရှူံးခဲ့ရတယ်

မိဘများသတိထားကြပါ အစာစားရင်းပြေးမဆော့ပါစေနဲ့ သေးငယ်တဲ့ ကစားစရာတွေ အစားအသောက်တွေ အားလုံးလေပြွန်ထဲ မတော်တဆ ပိတ်တတ်ပါတယ်။

Dr. Kyaw That Soe