မိမိငွေ အဝင်များဖို့ အထွက်နည်းဖို့ လာဘ်ကောင်းဖို့ လုံခြုံစိတ်ချဖို့ ကံတက်စေဖို့အတွက် နည်းလမ်း

ငွေကို ပိုက်ဆံအိတ် အံဆွဲမီးခံသေတ္တာ စသည်မှာထားပါတယ်။ ဒါပေမဲ့ ထားတဲ့နည်းစံနစ် လိုပါတယ်။ မိမိငွေ အဝင်များဖို့ အထွက်နည်းဖို့ လာဘ်ကောင်းဖို့ လုံခြုံစိတ်ချဖို့ ကံတက်စေဖို့ အဝင်ကောင်းသလို အထွက်လည်း ကောင်းသော နည်းနဲ့သာ ထွက်ဖို့ ဖုန်းရွှေ Fung Shui ပညာက အခုလိုအကြံပြုပါတယ်။

☘️၁☘️ ကရဝေးရွက် နဲ့အတူထားပါ။ အကျိုးအနာ မပါသော ကရဝေး ရွက် အနည်းဆုံး တစ်ရွက်နဲ့ အတူထားပါ။ ငွေပွားများ လာစေပါတယ်။

☘️၂☘️ အကျိုးအနာမပါတဲ့ဆန်စေ့ ၂၁ စေ့ကို ပလတ်စတစ် အိတ်ကလေးနဲ့ထုပ်ပြီး ငွေနဲ့အတူထားပါ။ လာဘ်ပွင့်လန်းစေတဲ့အပြင် မလိုအပ်ပဲ ငွေထွက်ခြင်းကို ကာကွယ်ပေးပါတယ်။

☘️၃☘️ ပင်လယ်ဆား အနည်းငယ်ကို ပလတ်စတစ် အိတ်ကလေးနဲ့ ထုပ်ပြီးငွေနဲ့အတူထားပါ။ ငွေကြေး အရှုပ်အရှင်းကိစ္စကြွေးမြှီ အမှုအခင်းကိစ္စများကာကွယ်ပေးပါတယ်။

☘️၄☘️ ငွေဒင်္ဂါး ဖြစ်စေ ငွေထည်ပစ္စည်း တစ်ခုခုနဲ့ဖြစ်စေ အတူထားပါ။ ငွေကို ကာကွယ်ပေးသလို လုံခြုံစိတ်ချရစေပါတယ်။

☘️၅☘️ ငွေစက္ကူ အသစ်တစ်ရွက် အနည်းဆုံးထားပါ။ ငွေတန်ဖိုးမြင့်လေ ကောင်းလေပါ။

☘️၆☘️ ပိုက်ဆံအိတ်ထဲမှာငွေလုံးဝဝ မရှိတဲ့ အဖြစ်မျိုး မပြုမိပါစေနဲ့။ ငွေကံ ညံ့သွားတတ်ပါတယ်။

☘️၇☘️ ပိုက်ဆံအိတ်ထဲမှာ အလွန်စုတ်ပြတ်နေတဲ့ငွေတွေကို စက္ကူ အိတ်နဲ့ ဖယ်ထားပါ။ ရော မထားပါနဲ့။ ငွေမရှိတဲ့ ဘဏ်ကတ်အဟောင်းများ ဘောက်ချာအဟောင်းများ လိပ်စာကတ်များ နဲ့ ရှုပ်ထွေးမနေပါစေနဲ့ လာဘ်တိတ်ပါတယ်။

☘️၈☘️ အားလုံးထည့်ထားနိုင်ရင်ကောင်းပါတယ်။ အနည်းဆုံးအမှတ် ၁ မှ ၄ အထိ တစ်မျိုးတော့ ငွေနဲ့အတူ ထားရှိဖို့ သင့်ပါတယ်။

☘️၉☘️ ဝင်ငွေကောင်း ငွေမြဲပြီး လာဘ်လာဘ ပွားများကြပါစေ။

☘️၁၀☘️တားရော့ကတ် အနေနဲ့နံပါတ် ၁၇ The Star ကို အဆောင်အဖြစ် ထည့်ထားနိုင်ပါတယ်။

Credit : Original Writer