အပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေး တစ်ခု

ဒီအဖြစ်အပျက်က အပြင်မှာ တကယ် ဖြစ်သွားခဲ့တာပါ။ မိသားစုအတွက် အများကြီး ဒုက္ခခံ စွန့်လွှတ်ပေးခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့ နောက်ဆုံး မီးစာကုန်ရေခမ်းတဲ့ အချိန်လေးပေါ့…။

သားနှစ်ယောက် မွေးထားခဲ့တယ်။ ဇနီးသည်ကွယ်လွန်ခဲ့ပြီး အသက်အရွယ် အိုမင်းမစွမ်း ဖခင်ကြီးဟာ လေဖြတ်ပြီး ကိုယ်မှာ အရေပြားရောဂါ စွဲကပ်ခဲ့တယ်….။

တစ်နေ့ အိမ်မှာ သားတစ်ယောက်ရဲ့ မင်္ဂလာဧည့်ခံပွဲ ဖြစ်တော့ ဖခင်လူမမာကြီးကို ပွဲထုတ်ရမှာ ရှက်လို့ဆိုပြီး… အခန်းတစ်ခန်းထဲမှာ ချောင်ပိတ်ပြီး သော့ခတ် ထားကြတယ်။ အလုပ်သမားကို စောင့်ကြည့်ဖို့ တာဝန်ပေးပြီး သော့ကိုပါ အပ်ခဲ့တယ်…။ မင်္ဂလာပွဲပြီးတော့ ဟန်းနီးမွန်းခရီး နှစ်လ၊ သုံးလထွက်မယ်ဆိုပြီး ဖခင်ကို အလုပ်သမား လက်ထဲမှာ စွန့်ပစ်ခဲ့တယ်….။

တစ်ရက် အလုပ်သမားက ဖခင်လူမမာအတွက် လိုအပ်တာတွေ ဝယ်ခြမ်းဖို့ အိမ်တံခါးသော့ခတ်ပြီး ထွက်ခဲ့တယ်…။ မထင်မှတ်ပဲ ရုတ်တရက်လမ်းမှာ မတော်တဆမှု တစ်ခုကြောင့် အလုပ်သမားဟာ သေဆုံးသွားခဲ့ရတယ်…..။ အိမ်တံခါးခတ်ခဲ့တဲ့ သော့ဟာလည်း သူ့ဆီမှာ….။

သုံးလကြာတော့… သားသမီးတွေ ခရီးက ပြန်ရောက်လာတာပေါ့။ အိမ်ရောက်တော့ တံခါးက သော့ခတ်လျက်သား.. ပတ်ဝန်းကျင်ကို အလုပ်သမားနဲ့ ပတ်သတ်ပြီး မေးမြန်းတော့ ဘာသတင်းမှ မရ….။

နောက်ဆုံး အိမ်တံခါးကိုချိုးဖျက်ပြီး အထဲဝင်ပြီး ဖခင်အခန်းကို ဖွင့်လိုက်တဲ့အခါမှာ ပုံပါအတိုင်း အနံ့သက်ဆိုးတွေနဲ့ ပုပ်ပွပြီး အရိုးပေါ်အရေတင် မြင်မကောင်းအောင် ဖြစ်နေတဲ့… မွေ့ယာပေါ်က ဖခင်ကြီးရဲ့ အသက်မဲ့ ခန္ဓာကိုယ်ကြီးကို မြင်လိုက်ကြရတယ်…..။

သားသမီးတွေအတွက် ပညာရေး၊စီးပွားရေး အလုံးစုံကို ဘဝနဲ့ရင်းပြီး ကြိုးပမ်းပေးခဲ့တဲ့…. ဖခင်ကြီးရဲ့ အသက်ဝိဉာဉ် ပြည်ဖုံးကားချတဲ့အချိန်က အင်မတန်ကို အထီးကျန်ခဲ့တယ်။ ကူမဲ့သူ ကယ်မဲ့သူမရှိပဲ လောကကြီးထဲက နှုတ်ဆက်ခဲ့ရတယ်…..။

နာမကျန်းဖြစ်နေတဲ့ မိဘတွေကို တန်ဖိုးထားကြစေလိုရန် ပညာပေး ပိုစ့်လေးတစ်ခုအနေနဲ့ India media တစ်ခုက ဖြစ်ရပ်မှန် အကြောင်းလေးကို ဘာသာပြန် တင်ဆက်လိုက်ပါတယ်….။

မိဘကို တန်ဖိုးထားတတ်ကြပါစေ။

Credit : မူရင်းရေးသားသူ