သမီးဖြစ်သူမှ ဖခင်ကို လမ်းပေါ်တွင် စွန့်ပစ်ထားခဲ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် ကျန်းမာရေးမကောင်း လေဖျန်းထားပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ထားတဲ့ ဦးလေးတစ်ဦးကို လမ်းပေါ် လာရောက်စွန့်ပစ်ထားကြောင်း ကြားသိရပါသည်။

ကျန်းးမာရေး ထိခိုက်ထားတော့ လမ်းလည်း မလျှောက်နိုင်သလောက် ဖြစ်သွားပြီ။ နာမည်က ဦးကျော်မိုးဆိုလား စကားလည်း သိပ်မပြောနိုင်တော့ဘူး။ ရန်ကြီးအောင် ဘုန်းကြီးကျောင်းနားမှာ နေတယ်လို့ ပြောတယ်။

ရန်ကြီးအောင်မှ လူတစ်ချို့ လာပြောသွားတာတော့ သူ့သမီးအဲလို လမ်းပေါ် သွားသွားပစ်တာ ၄ ကြိမ်လောက် ရှိပြီလို့ ပြောကြပါတယ်။

မိဘကို မလိုချင်ကြရင် ဘုန်းကြီးကျောင်းတို့ ဘိုးဘွားရိပ်သာတို့ သွားထားလိုက်ကြပါ။ လမ်းပေါ်တော့ မစွန့်ပစ်ကြပါနဲ့။

Source : LumTuLamai