ကိုယ်ဝန်ဆောင်မိခင် အောက်ဆီဂျင်ကျ သေဆုံးချိန် ကလေးကို ကယ်တင်ဖို့ ကြိုးစားပေမယ့် ကလေးပါ ဆုံးရှုံး

ရန်ကုန်၊ဇူလိုင်(၃၀)

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ သုမာလာလမ်း ကကိုယ်ဝန်ဆောင်မိခင်တစ်ဦး အောက်ဆီဂျင်ကျပြီးသေဆုံးချိန် ဝမ်းဗိုက်အတွင်းက ကလေးငယ်ကို ကယ်တင်ဖို့ ဆေးရုံးပို့ဆောင်ခဲ့ပေမယ့် ကလေးငယ်ပါဆုံးရှုံးခဲ့ရတယ်လို့ မြောက်ဥက္ကချစ်သူများလူငယ် ပရဟိအသင်းဆီက သိရပါတယ်။

” မနေ့က ဇူလိုင်(၂၉) ညနေ(၆)နာရီကျော်လောက်က (၂)ရပ်ကွက်ကကိုယ်ဝန်ဆောင်အမ အောက်ဆီဂျင်ကျပြီးဆုံးသွားတယ်၊ အဲ့အမအမျိုးသားက ဆေးရုံးပို့ပြီး ကလေးကိုမွေးထုတ်ပေးဖို့ ကားအကူအညီတောင်းလို့ သွားပို့ပေးတယ်၊ ဒါပေမယ့် ကလေးကိုကယ်ဖို့ အချိန်မမှီခဲ့ဘူး၊ ဆေးရုံက ကလေးပါဆုံးနေပြီပြောတယ်၊ စိတ်မကောင်းဘူး၊ အချိန်မှီအောင် ကားအမြန်ဆုံးမောင်းခဲ့ရလို့ လမ်းသွားလမ်းလာ ပြည်သူတွေ အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်” လို့ဆေးရုံကိုသွားရောက်ပို့ဆောင်ပေးတဲ့ ပရဟိတအဖွဲ့ကပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်နှုံး ဆက်လက်မြင့်တက်နေပြီး ရန်ကုန်မြို့အတွင်းက သုသာန်တွေမှာ မနေ့ကလူ(၈၀၀)ကျော်လောက် သင်္ဂြိုဟ်ခဲ့ရတယ်လို့ ရန်ကုန်အခြေစိုက်ပရဟိတအဖွဲ့တွေဆီကသိရပါတယ်။

Photo : မြောက်ဥက္ကလာချစ်သူများလူငယ်ပရဟိတ

#ကိုယ်ဝန်ဆောင်မိခင်_C8News #မြောက်ဥက္ကလာချစ်သူများလူငယ်ပရဟိတ_C8News
#အောက်ဆီဂျင်_C8News #ဆေးရုံ_C8News #မြောက်ဥက္ကလာပမြို့နယ်_C8News