မော်လမြိုင် အထက(၁၁)မှာ တက်ဖူးတဲ့ ဘယ်သူမဆို ဒီဆရာမကို သိကြမှာပါ

မော်လမြိုင်မြို့မှာ ဆရာမတစ်ဦး နေစရာနဲ့ စားစရာမရှိ ဖြစ်နေကြောင်း ပြည်သူတစ်ဦးက လူမူကွန်ယက်မှာ​ ရေးသားထားပါတယ်။ ဆရာမက စိတ်သိပ်မမှန်တော့ဘူးလို့လည်း ဒေသခံပြည်သူများထံမှ သိရပါတယ်။

အထက(၁၁)မှာ တက်ဖူးတဲ့ ဘယ်သူမဆို ဒီဆရာမကို သိကြမှာပါ။ ဆရာမက အခုနေစရာလည်းမရှိ စားစရာလည်းမရှိ ဖြစ်နေပါတယ်။ ကျွေးတဲ့လူရှိမှစားရတာပါ။

အခုလည်း ဆရာမကို သနားလို့ ဒီ Post ကို တင်လိုက်တာပါ။ ဆရာမကို ကူညီချင်တယ်၊ မုန့်တွေ ဘာတွေ ကျွေးချင်ရင်တော့ ဆရာမက သီရိမြိုင်(၈)လမ်းထိပ်မှာ အမြဲရှိနေပါတယ်လို့ ပြည်သူတစ်ဦးက ဆရာမနဲ့ပတ်သက်လို့ လူမူကွန်ယက်မှာရေးသားထားပါတယ်။