မြန်မာနိုင်ငံမှာ လှူဒါန်းမှုကြောင့် ထောင်ကျနိုင်

ဒီနေ့မှာ လှူဒါန်းမှုတွေပြုလုပ်နေတဲ့ KBZ Pay Acc ( 2 ) နှစ်ခုဟာ Freeze ခံလိုက်ရပါပြီ။ ထို KBZ Pay များနဲ့ ချိတ်ထားသော Bank Account များကိုလဲ Freeze လုပ်လိုက်ပါတယ်။

Bank ကိုဖုန်းဆက်ပြီး ပြောတဲ့အခါမှာလဲ တိကျတဲ့ အဖြေမပေးပါ ။ ထို KBZ Pay Account တွေက Level 2 တင်ပြီးအသုံးပြုနေတဲ့ Account တွေလဲဖြစ်ပါတယ်။ အသုံးပြုနေတာလဲ ကြာပြီဖြစ်သလို User ဘက်မှ တစ်စုံတစ်ရာ မှားယွင်းမှုလုံးဝမရှိပါ။

Bank Account များပါ Freeze လုပ်ခံရတာဖြစ်သည့်အတွက် ထို KBZ Pay နှင့် Bank Account များထဲတွင် စုစုပေါင်း သိန်း 1800 ဝန်းကျင်ရှိနေပါသည်။

ထိုကိစ္စများကို အာဏာသိမ်းစစ်တပ်ရဲ့ ခိုင်းစေမှုဖြစ်တယ် ဆိုတာကို KBZ Bank ရဲ့ တာဝန်ရှိသူတစ်ဦးထံမှသိထားရပါတယ်။

ထိုနောက် ထို Account များမှ ငွေအဝင်အထွက်အလွန်များပြီး လှူဒါန်းမှုများပြုလုပ်နေသောကြောင့် Bank Account ပိုင်ရှင်များကို အာဏာသိမ်းစစ်တပ်မှ ဖမ်းဆီးပြီး မေးမြန်းမှုတွေရှိနိုင်တယ်လို့ KBZ Bank ရဲ့တာဝန်ရှိသူက သတိပေးထားပါတယ်။

@Bank_Info_Myanmar

အားလုံးသတိထား​စေချင်ပါတယ်