ကရင်တိုင်းရင်းသား ဇနီးမောင်နှံ ထိုင်းထီ အမြင့်ဆုံးဆု ဘတ်(6)သန်းဆု နှစ်‌စောင်တွဲ ထိုင်းဘတ်ငွေ (12) သန်း ကံထူး AAC ထံ ဆုငွေထုတ်ပေးရန် အကူအညီတောင်းခံ

ကရင်တိုင်းရင်းသား ဇနီးမောင်နှံ ထိုင်းထီ အမြင့်ဆုံးဆု ဘတ်(6)သန်းဆု နှစ်‌စောင်တွဲ ထိုင်းဘတ်ငွေ (12) သန်း ကံထူး AAC ထံ ဆုငွေထုတ်ပေးရန် အကူအညီတောင်းခံ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင် ဘန်းပအင် မြို့နယ်က မြန်မာပြည်ဖွားကရင် တိုင်းရင်းသားဇနီးမောင်နှံ ( 1-9-2021 )နေ့ ထိုင်းထီဘတ်ခြောက်သန်း( 114475 )ဂဏန်းကို နှစ်‌စောင်တွဲ ကံထူးသွားပါတယ်

ကံထူးရှင်ဖြစ်ပေမယ့် ကံထူးရှင်များရဲ့ CI- စာအုပ်က (31-3-2021)ရက်နေ့ သက်တမ်းကုန်နေပါသဖြင့် လုံခြုံရေးအရသူမရဲ့အမည်နဲ့ ရဲစခန်းကို အသိပေးထားခဲ့ပြီး အမြန်ငွေထုတ်ပေးနိုင်ရေးအတွက် AAC-မဟာမိတ်အဖွဲ့ကို လာရောက် အကူအညီတောင်းသဖြင့် AAC-အဖွဲ့သားများ ဆုငွေဘတ်သိန်း(120)သိန်းကို ကိုယ်စားလှယ် အာဏာဖြင့် ငွေထုတ်ပေးနိုင်ရန်ကူညီပေးနေပါသည်။

ကိုယ်စားလှယ်လွှဲစာရရှိနိုင်ရေးအတွက် AAC-အဖွဲ့သားများ အစွမ်းကုန်ကူညီပေးနေပါသည်။

မှတ်ချက်။…။မိမိနေထိုင်ခွင့် အထောက်အထားမပြည့်စုံပါက ထီစာရွက်ပေါ်မှာ လက်မှတ်ထိုးခြင်း ရဲစခန်းများကို လုံခြုံရေးအရ အကြောင်းကြားခြင်းများ ပြုလုပ်ပါက နားလည်တတ်ကျွမ်းသူများကို တိုင်ပင်ကြပါရန် အထူးသတိပေးလိုက်ရပါသည်။

ယခုဖြစ်စဉ်မှာ နေထိုင်ခွင့်အထောက်အထား မပြည့်စုံသူကို နားမလည်ပဲ တတ်ယောင်ကန်း ဆရာကြီးများက ထီလက်မှတ်ပေါ် လက်မှတ် ထိုးခိုင်းထားသဖြင့် အခက်အခဲဖြစ်နေတာပါ AAC ဒါရိုတ်တာဦးခိုင်ကိုယ်တိုင် ရဲစခန်းမှာ ကိုယ်တိုင် လိုက်ဖြေရှင်းပေးနေပါတယ်။ စိတ်မပူကြပါရန်……

ရဲမင်း(AAC)
ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေး
ကော်မတီ…..မဟာချိုင်အခြေစိုက်
2/9/2021