သတိထားကြပါ သူခိုးတွေ အရမ်းရဲတင်းပြီး သောင်းကျန်းနေပါတယ်

ယခုလတ်တလောမှာ နေအိမ်နဲ့ဆိုင်များ ဖောက်ထွင်းခံရမှူတွေကို လူမှုကွန်ယက်ပေါ်မှာ အများအပြား တွေ့မြင်လာရတာကြောင့် ပြည်သူများအနေနဲ့ အိမ်လုံခြုံရေး ဆိုင်လုံခြုံရေးများအတွက် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သော့ဖြတ်ခိုးမှုတွေက ကာကွယ်ရန်သော့ကို နှစ်လုံးအနည်းဆုံးလောက် သေချာစွာခတ်ကြဖို့ ပြည်သူတွေက အချင်းချင်း တိုက်တွန်းထားကြပါတယ်။ ပြည်သူတစ်ဦးကလည်း သူ့တွေ့ကြုံခဲ့ရတာကို အခုလို ပြန်လည် မျှဝေထားပါတယ်။

“သတိထားကြပါ။ သတိထားကြပါ။ သတိထားကြပါ။ သူခိုးတွေ အရမ်းရဲတင်းပြီး သောင်းကျန်းနေပါတယ်။ သတိထားကြပါခင်ဗျာ။ ညက 2:30AM ကျွန်တော်စာရေးနေရင်း အိမ်ရှေ့ခြံတံခါးကသော့ခလောက်သံ ကြားတော့ ထွက်အကြည့် လူနှစ်ယောက် လက်နှိုက်ပြီး တံခါးဖွင့်နေပါပြီ..။

ကျွန်တော်လည်း သူခိုးဗျိုးလို့ အားကုန်အော်ပြီး ဆင်းလိုက်ခဲ့ပါတယ်.။ ခြံထဲမှာ ဆိုက်ကယ် Auto ဘီးရယ် battery ဘီးရယ် ရှိပါတယ်။ တစ်စီးမှ မပါသွားခဲ့ပါဘူး။ အဓိက ပြောချင်တာကသော့ခလောက် တစ်ခုတည်းခတ်လို့ မလုံလောက်ပါဘူး။ ပင်မသော့ရယ် နောက်ထပ်သံကြိုးပတ်ပြီး ခတ်ရတဲ့သော့ရယ် ခတ်ထားတာပါ။

အခုက ပင်မသော့ကဖြတ်ထားပြီး နောက်သော့တစ်ခုဖြတ်နေစဉ် အသံထွက်လို့ သတိထားမိတာပါ။ ဖြစ်နိုင်ရင် တံခါးမှာ လှုပ်မိထိမိလျှင် အသံမြည်စေမဲ့ ခေါင်းလောင်းတွေ တပ်ထားရင် ပိုကောင်းပါတယ်။အရမ်းပိရိပါတယ် သူခိုးတွေက။ အခု သော့ထက်ကြီးတာတွေတောင်ဖြတ်ပါတယ်၊ သံဖြတ်လွှနဲ့ ဖြတ်တာပါ။

သတိ – တွေ့လျှင် ပတ်ဝန်းကျင် နိုးကြားအောင်သာ အရင်ဆုံး အော်သာအော်ပါ။ သူခိုးသည် အနည်းဆုံး လူသုံးယောက် (သို့) နှစ်ယောက်ကတော့ ပါပါတယ်။ ပြေးတာလည်း အရမ်းမြန်ပါတယ်။ ကျွန်တော် ကိုယ့်တွေ့မို့ပါ။ ကိုယ့်ကို ပြန်ပြီး အသက်အန္တရယ်လည်း ပေးနိုင်တာမို့ ခုလိုကာလမှာ အိမ်လုံခြုံရေးအား အထူးသတိထားစေလိုပါတယ်” လို့ ရေးသား ပြောပြထားပါတယ်။

Credit : မူရင်းရေးသားသူ