မြစ်ကြီးနားမြို့ နောင်နန်းတိုက်နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့် သေနတ်ပစ်သတ်ခံရလို့ သေဆုံး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့် ကိုဒီနေ့မနက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

” အုပ်ချုပ်ရေးရုံးမှာ ညဘက်ကင်းစောင့်ပြီး သူ့သားနဲ့အတူ ဆိုင်ကယ်နဲ့ပြန်လာတာ ဘေးဆိုင်ကယ်ကနေသေနတ်နဲ့ ပစ်လို့သူကတော့ ကျည်ဆံမှန်ပြီး ဆိုင်ကယ်ပေါ်ကပြုတ်ကျသွားတယ်၊ သူ့သားကတော့ လက်ကိုထိတယ်”လို့ဒေသခံတစ်ဦးကပြောပါတယ်။

သေနတ်ပစ်ခံရသူ ဦးလှမြင့် ဟာ ဂေါ့နန် (ဆယ်မိုင်) ကျေးရွာမှာ နေထိုင်သူဖြစ်ပြီး စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်တယ်လို့လည်းသိရပါတယ်။

Photo-Social Media ( နောင်နန်းတိုက်နယ်အုပ်ချုပ်ရေးရုံးမီးလောင်ချိန်က-ပုံဟောင်း)

#နောင်နန်းတိုက်နယ်အုပ်ချုပ်ရေးရုံး_C8News #သေနတ်ပစ်သတ်ခံရလို့သေဆုံး_C8News #မြစ်ကြီးနားမြို့_C8News