
ဒီလို ခေတ်ပျက်ကြီး အတွင်းမှာ ရိုးသားပြီး ကိုယ်ချင်းစာစိတ်ရှိသူ တချို့ ရှိသေးတယ်ဆိုတာ ဒီနေ့ကိုယ်တိုင် ကြုံတွေ့လိုက်ရတယ်
နေ့လည်က Kpay နံပတ်တစ်ခုထဲကို ငွေ လေးသိန်းကျော် မှားလွှဲမိလိုက်တယ်။မှားလွှဲမိတာကို အခုညမှသိလိုက်ရတာ။
ကိုယ့်ဘက်ကမှားလွှဲမိတာဆိုတော့ ပြန်ရလိမ့်မယ်လို့မထင်ထားဘူး။ဘာပဲဖြစ်ဖြစ် ပြန်ရလိုရငြားဖုန်းဆက်ကြည့်လိုက်မယ်လို့တွေးပြီး မရဲတရဲဖုန်းဆက်မေးကြည့်လိုက်တယ်။
နေ့လည်ကတည်းက ဘယ်ကမှန်းမသိတဲ့ငွေလေးသိန်းကျော်ဝင်ထားတယ်ဆိုတဲ့အကြောင်း၊ဖုန်းဆက်လာခဲ့သည်ရှိသော် ပြန်လွှဲပေးမယ်လို့တွေးထားတဲ့အကြောင်း၊ ခုလိုလူတိုင်းအဆင်မပြေကြတဲ့အချိန်မှာ မှားလွှဲလာသူကို ကိုယ်ချင်းစာမိတဲ့အကြောင်း အသက်(၄၀)အရွယ်အမျိုးသမီးက ချိုချိုသာသာပြန်ပြောလာပါတယ်။
သိပ်မကြာပါဘူး အဲ့ဒီလေးသိန်းကျော်ကို တပြားမှမလျော့ဘဲ ကိုယ့်အကောင့်ထဲကို ပြန်လွှဲလာပေးပါတယ်။
ရင်ထဲမှာ အတိုင်းမသိဝမ်းသာပြီးကျေးဇူးတင်စိတ်တွေတဖွားဖွားဖြစ်မိတယ်။လူကောင်းသူကောင်းနဲ့တွေ့လို့ပေါ့၊ကျေးဇူးတင်လိုက်တာလို့ သူ့ကိုထပ်ခါထပ်ခါပြောနေမိတယ်။
ကျေးဇူးတင်လွန်းလို့ ဖုန်းဘေလ်ဖြည့်ဖို့ သူ့ကိုနှစ်သောင်းလွှဲပေးတာကို သူများအပူဖြစ်နေတဲ့အချိန် မလိုချင်ပါဘူးဆိုပြီး အဲ့ဒီနှစ်သောင်းလည်းပြန်လွှဲလာပေးပြန်တယ်။
အဲ့ဒီအမျိုးသမီးက ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့သူပါ။ နာမည်က မချိုချိုဝင်းတဲ့။အခုတော့ သူ့အမျိုးသားတာဝန်ကျတဲ့မြို့ဆီလိုက်နေနေပါသတဲ့။
သူ့မိဘ၊အမမိသားစုက သီပေါဈေးထဲမှာ “ဝင်းဌေး”ကုန်စုံဆိုင်ဖွင့်ထားတယ်လို့ပြောပါတယ်။
အခုလို လူလိမ်လူကောက်များတဲ့ခေတ်ကြီးမှာ ရိုးသားပြီးလူသားဆန်တဲ့ မချိုချိုဝင်းကို ဆုတွေအများကြီးတောင်းပေးလိုက်ပါတယ်။
“မချိုချိုဝင်းတို့ မိသားစုအားလုံး အရာရာ လွယ်ကူအဆင်ပြေပြီး ကျန်းမာချမ်းသာကြပါစေ” လို့
Source : Chan Mya Mya Nyein Nyein’s Facebook