နေ့ခင်းတုန်းက ဆိုင်ကို နွမ်းနွမ်းပါးပါး သားအမိနှစ်ယောက် ဝင်လာတယ်

နေ့ခင်းတုန်းက ဆိုင်ကို သားအမိနှစ်ယောက် ဝင်လာတယ်။ နွမ်းနွမ်းပါးပါးလေးဆိုတာ မြင်တာနဲ့ သိသာပါတယ်။ ကလေးငယ်က မျက်စိမမြင်ရှာဘူး။

အမေဖြစ်သူက ဂစ်တာစျေး ဘယ်လောက်လဲလို့မေးတယ်။ အနိမ့်ဆုံး ၃၅၀၀၀ကျပ်လို့ ဖြေလိုက်တော့ မျက်နှာပျက်သွားတာကို မြင်လိုက်ရတယ်။

ကလေးကပျော်ရွှင်ခုန်ပေါက်နေတာ ဂစ်တာရတော့မယ်ဆိုပြီးတော့ပေါ့။ သူ့အမေရဲ့ ပျက်နေတဲ့မျက်နှာကို သူမမြင်ရဘူးလေ။

ကျွန်မမှာ ၅၀၀၀ကျပ်ပဲပါတယ်။ဒီဂစ်တာအပြာလေးကို ချန်ထားပေးပါလား။ကျွန်မ စျေးရောင်းပြီးလို့ ရတဲ့အမြတ်ကို နေ့တိုင်းလာသွင်းပါ့မယ်။ ၃၅၀၀၀ ကျပ် ပြည့်ရင် ဂစ်တာယူမယ်လေ။အာ့လိုလေးလုပ်ပေးပါလား အစ်ကိုတဲ့

ရင်ထဲမှာ နင့်နေအောင် နာကျင်သွားတယ်ဗျာ။ အမေက သားဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်ပေးမဲ့ မိခင်မေတ္တာက အထင်းရှားကြီးဗျာ။မျက်ရည်တောင်ဝဲသွားမိတယ်။

ကလေးက ဂစ်တာ တီးတက်လားမေးတော့ အရမ်းကျွမ်းတယ်ဆိုလို့ ကြိုးညှိပြီး ဂစ်တာပေးလိုက်တယ်။

ကလေးက ဂစ်တာရတာနဲ့ ပျော်ရွှင်စွာ တီးတော့ပဲ။ ကျွန်တော် ချက်ချင်းသိလိုက်တယ်။ ကလေးက ဂစ်တာမတီးတက်ဘူး။ ကော့ဒ်တောင် မကိုင်တက်ဘူး။

ဒါပေမယ့်ဖျားသွားတယ်၊ သူတီးတာ အရမ်း နားထောင်လို့ ကောင်းတယ်။ ဟာမိုနီဖြစ်တယ်။သူ့ကိုင်တဲ့ လက်ကွက်တွေက စိတ်ထင်တာတွေ လျှောက်နှိပ်နေတာ။ဒါပေမယ့် ထွက်လာတဲ့အသံတွေက သာယာနာပျော်ဖွယ်ဖြစ်တယ်။

စိတ်ကတွေးနေတုန်း အစ်ကို ၅၀၀၀ ပေးခဲ့မယ်နော်။နောက်နေ့မှ ကျန်တဲ့ ပိုက်ဆံတွေ ရသလောက် လာသွင်းပေးမယ်။

ဟုတ်ကဲ့၊ ပေးခဲ့ပါဆိုတော့ အမေဖြစ်သူက ပျော်ရွှင်သွားတာကို ဖုံးမရ ဖိမရနဲ့ ဂစ်တာကို တစ်ခါတည်း ယူသွားလိုက်ပါဗျာ။ ကျန်တဲ့ပိုက်ဆံလဲ လာမပေးနဲ့တော့၊ ၅၀၀၀ နဲ့ရောင်းလိုက်တယ်ပဲ ထားလိုက်ပါ။

အမေဖြစ်သူက လက်အုပ်ချီတယ်။ ကိုယ့်မှာ မနည်းပြန်တောင်းပန်နေရတယ်။ကလေးက ဂစ်တာရလို့ခုန်ပေါက်နေတာ ခင်ဗျားတို့ကို မြင်စေချင်တယ်ဗျာ။ကျွန်တော်က August Rush ရုပ်ရှင်ကားလေးက ချာတိတ်လေးတောင် ပြေးပြီး သတိရမိတယ်ဗျာ။

အမေဖြစ်သူက လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ကြေမွနေတဲ့ ပိုက်ဆံတွေကို ညီညာအောင်လုပ်ပြီး ကျွန်တော့်ကိုပေးတယ်။ ဒီသားအမိရဲ့ ပိုက်ဆံကို ကျွန်တော်မယူချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်ယူလိုက်တယ်။ သူတို့ရဲ့စိတ်ထဲမှာ ဂစ်တာကို ဝယ်တယ်လို့ပဲ စိတ်ခံစားစေချင်တယ်။ အမေဖြစ်သူကိုလဲ လေးစားမိတယ်။

သူတို့အတွက် ဒီပိုက်ဆံ ၅၀၀၀ ဟာ သိပ်တန်ဖိုးရှိမှန်းလဲသိပါတယ်။ အလကားဆိုတဲ့ဟာကို သူတို့ကို မခံစားစေချင်ဘူး။ အလကားဆိုရင် လူတွေက တန်ဖိုးမထားတက်ကြဘူးလေ။

Credit : Linn Moe