ကားပိုင်နှင့် ကားဆရာများ ပိုက်ဆံများကို အလွယ်တစ်ကူ မထားကြပါနှင့် သတိထားကြပါ

မနေ့ည 9.30pm အချိန်လောက်က ကျွန်တော့် ၁၂ ဘီးကား ဒါးကမြို့မှ ဆန်တင်ပြီး ကျောက်ပန်းတောင်း အပြန် ပုသိမ် မုံရွာလမ်းပေါ်မှ စစ်ဆေးရေးဂိတ်မှာ မိုးကာလှန်ပြခိုင်းပါတယ်။ မိုးကာလှန်ပြပြီး ကျိုးချည်နေတုန်းမှ ကားခေါင်းအတွင်းကိုလဲ ဝင်ရောက်ရှာဖွေသည်ဟု သိရပါသည်။

ကားဆရာနှင့်စပယ်ယာ ပြန်လည် မောင်းထွက်ရန်ကားပေါ်တက်သောအခါ Hand bag အိတ်အတွင်းထည့်၍ သိမ်းဆည်းထားသော ကားခရငွေ ၇ သိန်းကျော် ပျောက်ဆုံးသွားကြောင်း သိရပါသည်။

ကားဆရာမှ သိလျင်သိခြင်း ပိုက်ဆံတွေ ပျောက်ဆုံးကြောင်း ပြောပြရာ ဝိုင်းဝန်း၍ နားရင်းအုပ် ဒူးထောက် ထိုင်ခိုင်းပြီး ကားဆရာအား ဖမ်းဆီးထားပါသည်။ မနက် ၉ နာရီကျော်မှ ပြန်လွှတ်ပေးပါသည်။ ကားပိုင်နှင့် ကားဆရာအားလုံး ဆင်ခြင်နိုင်ရန် တင်ပြခြင်း ဖြစ်ပါသည်။

ကားခေါင်းအတွင်း နောက်ခန်းအတွင်း ဝင်ရောက်စစ်ဆေးလျင် သေသေချာချာ ကြည့်ထားကြပါ။
ကားခေါင်းအတွင်း ပိုက်ဆံများကိုလဲ အလွယ်တစ်ကူ မထားကြပါနှင့် ကိုယ့်အမှန် အမှား ဖြစ်မှားဆိုး၍ တင်ပြခြင်းသာ။

ခုနှစ်ရက် သားသမီးများ စိတ်ချမ်းသာ ကျန်းမာကြပါစေ။

Myo Zaw