ယခုလိုကာလမှာ အပြင်သွားပြီး ပြန်လာတိုင်း မတ်စ်(Mask)တွေကို တစ်ခါတည်း စွန့်ပစ်ပါ

ရပ်ကွက်ထဲမှာ လမ်းထဲမှာ ဖျားနာ အနံ့ပျောက်သူတွေ ‌တွေ့လာ‌ရပါတယ်။ အဓိက ကူးစက်ခံရတဲ့ အကြောင်းအရင်းက အပြင်ခဏသွားတုန်း တပ်ခဲ့တဲ့ မတ်စ်(Mask)တွေကို အိမ်ပြန်ရောက်ချိန် အကောင်းတိုင်းရှိ သေးတာဘဲဆိုပြီး အိမ်မှာ ကြုံရာချိတ်ထားလိုက်ကြပါတယ်။ စားပွဲပေါ် စင်ပေါ် တင်ထားတတ်ကြပါတယ်။

အပြင်ပြန်ထွက်ရင် ပြန်တပ်သုံးလိုက် အိမ်ပြန်ရောက်ရင် ပြန်ထားလိုက်နဲ့ ကောင်းသေးတာဘဲဆိုပြီး အကြိမ်ကြိမ် ထပ်ခါတလဲလဲ အသုံးပြုနေကြတဲ့အတွက်ကြောင့် အပြင်က ကပ်ပါလာတဲ့ ရောဂါပိုးကူးစက်ခံရခြင်း ဖြစ်ပါတယ်။

အပြင်ကပြန်လာတိုင်း အိမ်အပြင်ရှိ အမှိုက်ပုံးထဲတစ်ခါထဲ စွန့်ပစ်လိုက်ပါ တစ်ကြိမ်စီသာအသုံးပြုပါ။ သုံးနာရီကြာတိုင်း မတ်စ်(Mask) အသစ်တစ်ခု လဲ တပ် ‌ပေး ကြပါခင်ဗျာ။

လက် ကိုခဏ ခဏ ဆေးပါ အထူးဂရုစိုက်ပေးကြပါ။ ကပ်‌ရောဂါဘေး ကင်းဝေးကျန်းမာချမ်းသာကြပါစေ ခင်ဗျာ။

Credit : မူရင်းရေးသားသူ