ထိုင်းနိုင်ငံက မြန်မာ လုပ်သားတွေကို Q ထားတဲ့နေရာမှာ စိတ်ရင်းကောင်းတဲ့ လုပ်ငန်းရှင်က လူလို ထားတယ်၊ စိတ်ရင်းမကောင်းတဲ့ လုပ်ငန်းရှင်က ဖြစ်သလို ထားတယ်။

ထိုင်းနိုင်ငံက မြန်မာ လုပ်သားတွေကို Q ထားတဲ့နေရာမှာ စိတ်ရင်းကောင်းတဲ့ လုပ်ငန်းရှင်က လူလို ထားတယ်၊ စိတ်ရင်းမကောင်းတဲ့ လုပ်ငန်းရှင်က ဖြစ်သလို ထားတယ်။

ဘာပဲဖြစ်ဖြစ် စစ်အာဏာရူးတွေ အကြမ်းဖက်အုပ်ချုပ် နေတဲ့ မြန်မာပြည်ထက် စာရင်တော့ ဖြေသိမ့်လို့ ရပါသေးတယ်။ မိမိတို့ရဲ့ လုပ်ငန်းရှင်က အလုပ်သမားတွေ အပေါ် ဘယ်လို သဘောထားလဲ ဆိုတာ ဒီလိုအချိန်က အဖြေပါပဲ။

ပြောချင်တာက စိတ်ဓာတ်မကျနဲ့၊ အားမငယ်ကြနဲ့၊ လူဟာ အသက်ရှင်နေသေးရင် အားလုံး လုပ်နိုင်စွမ်းရှိတယ်၊ ကပ်ဘေးကို တောင့်ခံရင်း တပ်ဘေးအတွက်လည်း အားမွေးရင်း ပြန်တိုက်ရအုံးမယ်၊ တို့နိုင်ငံ ဆင်းရဲတော့ ပြည်ပမှာ အလုပ် လာလုပ်ရတယ်။ လမ်းကြောင်းမှန်ပေါ် ရောက်နေတဲ့ ငါတို့တိုင်းပြည် အာဏာရူးတစ်စုကြောင့် စုတ်ပြတ်သတ်သွားခဲ့ရပြီ။

ထိုင်းနိုင်ငံထဲမှာ ယခုလက်ရှိ ရောဂါပိုး ကူးစက်ခံရသူနဲ့ ထိတွေ့ လူနာတွေဟာ နွေဦးတော်လှန်ရေးမှာ ဘက်ပေါင်းစုံက ထောက်ပံ့ လှူဒါန်းပေးခဲ့ကြသူတွေ ဖြစ်တယ်။

ယခုလည်း လာမယ့် ခြောက်လအတွင်း လူပေါင်း သန်းနဲ့ချီ အငတ်ဘေး ကြုံတော့မယ့် မြန်မာနိုင်ငံအတွက် ဒီလူတွေက အဓိက လှူဒါန်းမယ့် သူတွေ ဖြစ်လာပါအုံးမည်။

ထိုင်းရောက် မြန်မာတွေ အားလုံးကို အားပေးစကား ပြောချင်တာက ”ထိုင်းရောက် မြန်မာပြည်သား အားလုံးဟာ သူရဲကောင်းတွေပါ။ ချွတ်ခြုံကျနေပြီး အာဏာရူးတစ်စု လုယူခံထားရတဲ့ တိုင်းပြည်ကို ကယ်တင်ဖို့ ပြည်ပရောက်တွေရဲ့ အားကို တိုင်းပြည်က အရေးတ​ကြီး လိုအပ်နေပါတယ်”

ပုံ 12-7-2021 ရက်နေ့ ထိုင်းနိုင်ငံမှ မြန်မာလုပ်သားများ AAC ထံ ပေးပို့လာသော ပုံရိပ်များ။

ရဲမင်း(AAC)
(ထိုင်းရောက် မြန်မာလုပ်သား ကူညီ စောင့်ရှောက်ရေး ကော်မတီ အထွေထွေတာဝန်ခံ)