အဖေ့ကို ဆေးခန်းပြဖို့ သွားရင်း ကိုယ့်အရှေ့တင် ဖြစ်သွားတာပါ အဒေါ်ကြီးတစ်ယောက် ဘေးက သူ့သားလေးပါ

ဒီပုံ တင်ရတာ တကယ် စိတ်မကောင်းဘူးဗျာ။ ဒီနေ့ အဖေ့ကို ဆေးခန်းပြဖို့ သွားရင်း ကိုယ့်အရှေ့တင် ဖြစ်သွားတာပါ။ အဒေါ်ကြီးတစ်ယောက် ဘေးက သူ့သားလေးပါ။ ရုတ်တရက် O2 ပြတ်ပြီး အသက် ဆုံးရှုံးသွားခဲ့ရတယ်။ အသက်ကတော့ ၄၈ ဝန်းကျင်ပါ။

ဒီနေ့မှ ကိုဗစ်လာစစ်တယ် p တဲ့။ စစ်ပြီးမကြာဘူး အသက်ရှူကြပ်ပြီး ဆုံးသွားတယ်။ သူမသေခင် ဘယ်လို အခြေအနေ ဖြစ်ခဲ့မလဲဆိုတာ မြေကြီးပေါ် ခင်းထားတာကိုပဲ ကြည့်ပါဗျာ။

သားဖြစ်သူမှာ ”ကျွန်တော့်အမေကို ကယ်ကြပါဦးဗျာ” အော်နေခဲ့ပေမယ့် ဘယ်သူမှ မကယ်ပေးနိုင်ခဲ့ဘူး ”အမေ အမေ”လို့ အဆက်မပြတ် သူအော်ငိုနေတာကို ကြည့်ပြီး ကိုယ့်အမေသာဆို ကိုယ်ဘယ်လိုခံစားရမလဲဆိုပြီး မျက်ရည်ကျခဲ့ရတယ်။

တကယ်ဖြစ်ရင် ဘယ်သူ့ကိုမှ အကူညီတောင်းဖို့ ဆိုတာ မလွယ်ကူပါဘူး မဖြစ်ခင် ကြိုတင်ကာကွယ်ဖို့သာ အဓိကပါ။

ဒီနေ့အတွက် တကယ်ကို စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ တကယ်ကို ကြောက်စရာ ကောင်းပါတယ်ဗျာ။ အားလုံးပဲ အထူးဂရုစိုက်ဖို့ လိုနေပါပြီ။

Credit : မူရင်းတင်သူ