PPE ဝတ်စုံနဲ့ ဆိုတော့ ဘယ်သူ ဘယ်ဝါဆိုတာ မသိခဲ့ဘူး

PPE ဝတ်စုံနဲ့ ဆိုတော့ ဘယ်သူ ဘယ်ဝါဆိုတာ မသိခဲ့ဘူး။ သူတာဝန်ပြီးဆုံးသွားလို့ အပြင်ထွက်လာတယ်။ ပထမဆုံး မျက်နှာ အကာကွယ်တွေကို ဖယ်ခွါလိုက်တယ်။

ခေါင်းတုံးဆံပင်နဲ့။ အော်.. သူပရဟိတ လုပ်နေချိန် ပြည်သူ့အတွက် ကူညီပေးနေချိန် အလွတ်လပ်ဆုံးဖြစ်အောင် သူ့ဆံပင်ကို တိုတို ညှပ်ထားတာပဲပေါ့။

နောက်တစ်ဆင့် သူ့ PPE ဝတ်စုံကို ခန္ဓာကိုယ်မှ ဖယ်ခွါဖို့ စတင်လိုက်တယ်။ ဟာ… အမှတ်တမဲ့ နှုတ်က ထွက်ပေါ်လာတဲ အာမေဒိတ် အသံနဲ့အတူ မျက်ဝန်း အစုံမှာ မြင်တွေ့လိုက်တာက ဘုရားသားတော် ရဟန်းတပါး။

သံဃာဆိုသည်မှာ ဒါယိကာ ဒါယိကာမတို့၏ ချမ်းသာခြင်းကိုသာ လိုလားကြကုန်၏။ မြတ်သော ကုသိုလ် အမြတ်ဆုံး စိတ်ထား အမြင့်မြတ်ဆုံး စေတနာတွေပါ။

လောကီ လောကုတ္တရာ အတွက် အရှင်ဘုရားတို့ကျေးဇူး ထူးကဲလှပါတယ် ဘုရား။ သံဃဂုဏော အနန္တောပါ အရှင်ဘုရားတို့။

Photo : မူရင်းတင်သူ
Source : စိုင်းနေမျိုး မောင်မောင်