လေးစားစရာ ကယားပြည်နယ်က အညာသား ဆရာ၀န် တစ်ယောက်

ကယားပြည်နယ်က အညာသား ဆရာဝန်တစ်ယောက်။ ဒီလို ဆရာဝန်မျိုး အများကြီး လိုအပ်ပါတယ်။

“ကယားပြည်နယ်ကို မင်းဘာလို့ ဦးစားပေး ရွေးချယ်လိုက်တာလဲကွ”။ “ကယားပြည်နယ်က မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်ထဲက တစ်ခုကွ အာ့မို့ ရွေးချယ်လိုက်တာ”

တာဝန်ကျပီး တစ်ခေါက်ပဲ အိမ်ပြန်လာခဲ့တယ်။ ဆရာဝန်ထဲမှာ အမွဲဆုံး ဆရာဝန်ဆိုလည်း မမှားပါဘူး။ (သူနဲ့ ရင်းနှီးသူတွေဆို သိပါလိမ့်မယ်)

ငွေဆိုတာ သူ့အတွက် စက္ကူတစ်ရွက်ထက် မပိုဘူး။ အခုလည်း ကယား(ကရင်နီ)မှာ စစ်တွေဖြစ်တော့ မိဘတွေကလည်း စိတ်ပူတော့ ပြန်လာဖို့ ပြောကြည့်ပါသေးတယ်။

တောထဲမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို ပစ်မထားခဲ့နိုင်ဘူးတဲ့။ ကရင်နီပြည်မှာ အညာက ပွင့်တဲ့ ပန်းနဲ့ လှစေသူ။ သူ့နာမည်က ဒေါက်တာရဲဇော်ပါ။

(တိုးတက်သောကရင်နီပြည်သူ့အင်အားစု – PKPF)