ကျွန်မတော့ သေတွင်းက ထွက်ခဲ့ပြီ ရောဂါ အရှင်းမပျောက်သေးဘူး နောက်ကျနေမှာ စိုးလို့ ချက်ချင်း ပို့စ် တင်ပါတယ်

ကျွန်မတော့ သေတွင်းက ထွက်ခဲ့ပြီ။ ရောဂါ အရှင်းမပျောက်သေးဘူး။ နောက်ကျနေမှာ စိုးလို့ ချက်ချင်း ပို့စ် တင်ပါတယ်။

ကိုဗစ် တကယ်ကြောက်စရာ ကောင်းတယ်။ ခွေးတောက်ရွက်လေး ဂျင်းလေး ကိုယ်ခံအားဆိုတာလေး အောက်စီဂျင် ဆိုတာလေး နဲ့ ပလီပလာ လုပ် လို့ ရတဲ့ အစား မဟုတ်ဘူး။ ဘီယာလေး သောက်ပီး လေးညှင်းလေး ငုံရုံနဲ့ မရဘူး။ အသိမှား ရင် သေတွင်း ဆွဲချသွားမှာ။

အခု ကျမ ရေးမှာက ငါတွေ့။ အမှား တွေ တရစပ် လုပ်ပီးမှ ပိုးရဲ့ ပရိယာယ် ကို သိတာ။ ကျမက ဝမ်းတွေပါ ပျက်ပြီး မျော့မျော့ပဲ ကျန်တော့တယ်။

အသက်ရှူ လေ့ကျင့်ခန်း အလုပ်မဖြစ်ပါ။ ဘာလို့ ဆို ရင်ညွန့်မှာ ပထမ ယားတယ်။ နာရီပိုင်း အတွင်း ဂျပ်ခဲ ကြီး ဖြစ်လာတယ်။ ဘယ်လိုမှ အသက် ရှူ လို့ မရတာ။ မှောက် အိပ်ပြီး ကျောကို ရေနွေးအိတ် ကပ် လိုက်ရင် ချက် ချင်း အသက် ရှူ လို့ ရသွားတယ်။ ဒါပေမယ့် ပထမ တစ်ချီပဲ။ နောက် တစ်ချီ မရတော့ဘူး။

လုပ်ရမှာက ရေနွေး ပွက်ပွက်ဆူ ကို ချိုင့် ထဲ ထည့်။ ဓာတ်ဘူး ထဲက ရေနွေး အဆင်မပြေ။ ကျိုက်ကျိုက် ဆူတဲ့ ရေနွေး တစ်ယောက်ယောက် ကို ထည့်ခိုင်း။ ပြီးရင် ကျွတ်ကျွတ်အိတ်ကြီး ကို ခေါင်း ကနေ စွပ်။ မျက်လုံး ပိတ်ထား။ ရေနွေးငွေ့ ကို ပါးစပ်ဟပြီး ရှိုက်သွင်း။ ယားပီး ချောင်းဆိုး လိမ့်မယ်။ ရေနွေး ချိုင့် ထဲ ကိုပဲ အကုန် ထွေးထုတ် လိုက်။ ပထမ ချောင်းခြောက် နောက် သလိပ် ပါလာလိမ့်မယ်။

အား ကုန်မှာ မကြောက်နဲ့ ။ အားရပါးရ ချောင်းဆိုး။ ရေနွေး ထဲကို ဆားထည့်သင့် မထည့်သင့် ကိုယ့် ဖာသာ ဆုံးဖြတ်။ ကျမ မထည့် ဘူး။ ဘက်တီးရီးယားက ဆားကြောက်ပီး ဗိုင်းရပ်စ်က ဆား မကြောက်ဘူး လို့ ငယ်တုန်းက သင်ခဲ့ဖူး လို့။ ငါးမိနစ် လောက် ချောင်းဆိုး ပြီးတာနဲ့ ကျွတ်ကျွတ် အိတ်ကို တစ်ခါထဲ ပစ်။ ရေနွေး ဂျိုင့်ကို ချက်ချင်းသွန်။ တကယ်လို့ လှုပ်ရှား နိုင်သေးရင် သွား တိုက် စေချင်ပါတယ်။ အာခေါင်နဲ့ လျှာကို သွားပွတ်တံနဲ့ ဖွဖွ ခြစ်ပေးပါ။

အခုအဆင့်နဲ့ မရသေးဘူး။ တော်တော်လည်း ကြာရော ရင်ညွန့်မှာ ယားပီး ဆို့ လာပြန်ရော။ အားကလည်း ပြတ်ပြီ ဆိုတော့ ရေနွေး ထပ်မရှူနိုင်တော့ဘူး။ အဲဒီတော့ ယားနေတဲ့ ရင်ညွန့် နေရာကို ပရုပ်ဆီ နာနာ လိမ်း။ မှောက်အိပ်ပြီး ကျောကို ရေနွေးအိတ်ကပ်။ ပိုးကို အထက်မီး အောက်မီး ပေးတဲ့ သဘော။

ကျမ မှားခဲ့တဲ့ အချက် ကို ပြောမယ်။ ကျမက အချို အရသာ ကို ခံစား လို့ ရနေတယ်။ အဲဒီတော့ ငါအစားအသောက်စားပီး အားရှိအောင် လုပ် လို့ရသေးတယ်လို့ တွေးမိတာပါ။ ဒီတော့ အားမပြတ်အောင် ကျွဲရိုင်း သောက်တယ်။ အိုဗာတင်း ဟောလစ် အကုန်သောက်တယ်။ တကယ်က အဲဒါ ပိုးရဲ့ ပရိယာယ်။ အချို ဝင်လာအောင် သူက ငါးစာချကျွေး လိုက်တာ။ အကြောဆွဲလု မတတ် ခံရတယ်။ ချောင်း ဆိုး လို့ ကျမက ချောင်းဆိုး ပျောက် ဆေး ရည် ထပ်သောက်တယ်။ နောက်တစ်ခါ ထပ်မှားတယ်။

အဓိက ကျမ မှားနေတဲ့ အသိက အားပြတ် လို့ မရဘူး ရနိုင်သမျှ အကုန်စား ဆိုတဲ့ ဂျင်း ဝင်နေတာ။ အစားများများစားမှ ကိုယ်ခံအား တက်မယ်။ ရောဂါကို တိုက်ထုတ်မယ် လို့ ကျမ လုံးဝ ယုံထားခဲ့တာ။ လည်မျို ထဲမှာ ဖော့တုံးကြီး ဆို့ ထား သလို ဖြစ်နေပြီ။ ဘာမှ စား လို့ မရဘူး။ အချိုရည် တစ်မျိုးပဲ ဝင်နေတယ်။ ဒါနဲ့ ကျမ ဘာမှ မစားမသောက်ဘဲ ဖြတ်ချလိုက်တယ်။ ရေနွေး ပူပူ တော်တော်ကြီးကိုပူ တဲ့ အဆင့် ကို မျှင်း သောက်နေတယ်။ အဲဒီမှာ အယား သက်သာ ပြီး လည်ချောင်း ရှင်းသွားတာပဲ။

မစားနိုင်တဲ့ လူကြီး သူမ တွေကို အတင်း မစား ခိုင်းကြပါနဲ့။ အစား စားမှ immune တက်တယ် ဆိုရအောင် စားပီးတာနဲ့ အစာအိမ်ထဲမှာ ဖြိုခွဲရ သွေးကြောထဲ လည်ပတ်ရနဲ့ ဘယ်နှရက် ကြာမှ ကိုယ်ခံအား တက်တာလဲ ဆိုတာ သုတေသနထဲက အတိုင်း နာရီနဲ့ ရက်နဲ့ အတိအကျပြောလေ။ အစား အတင်း စားရတာ ညှင်းပန်း နှိပ်စက်ရာ ကျတယ်။

ကျမသာ ဆရာဝန်ဆို လူကြီးတွေကို ဒရစ် ချိတ် ထားပီး အစာလည်မျို တစ်လျှောက် သန့် နေအောင် ရေနွေး ပူပူလေးပဲ သောက် ခိုင်း ပါမယ်။ နာလံထူပြန်စားတဲ့ လူတွေကို လည်း အစား စားပီးတာနဲ့ ချက်ချင်း ရေနွေး အဖြူ ထည် ခပ်ပူပူ သောက်ချ စေချင်ပါတယ်။

ဒီဗိုင်းရပ်စ်ရဲ့ ပျော့ ကွက်က အပူ နဲ့ သန့်ရှင်း မှု ကို ကြောက်တာပါပဲ။ လည်ချောင်းထဲ မှာ ဘာအရသာမှ ရှိ မနေ ပါစေနဲ့။ ဆေးဝါး က ဆရာဝန် တွေ ပြောတဲ့ အတိုင်း သောက်ပါတယ်။ ကိုယ်တိုင် သေတွင်းက ထွက်လာတာမို့ ကျမပြောတာ အလေး ထားပေးပါရှင်။

ကျေးဇူးပြုပြီး ပို့စ်ကို ရှယ်ပေးပါ။
Credit : ဝင့်ပြုံးမြင့်