ပဲပြုတ်သည်လေး တစ်ဦးရဲ့ လေးစားစရာ စိတ်ထား

စေတနာ ကောင်းပြီး ဥာဏ်ကောင်းလွန်းတယ် ရွှေပဲပြုတ်သည်လေးရယ်။ မက်စ် ရောင်းတဲ့ သူတွေနဲ့တော့ နံ့သာဆီနဲ့အီးဘဲ။

ဒီမနက် ပဲပြုတ်သည်ဆီ ပဲပြုတ်ဝယ်တယ်။ စားတော်ပဲက တအိတ် ၃၆၀၀၀ ကနေ အခု ၈၀၀၀၀ ဖြစ်သွားပြီ အစ်ကိုလေးတဲ့။ ဒါပေမယ့် ပဲပြုတ်စျေးက မတက်ဘူး အရင်စျေး အတိုင်းဘဲ ရောင်းမယ်။

ပဲပြုတ်သည် ညီမက ပြောသေးတယ်။ ဒီလိုတွေ ဖြစ်မှာသိလို့ အရင်လက ဆွဲကြိုး ရောင်းပြီး ပဲအိတ်ဝယ်ထားတာ ၈ သိန်းဖိုး ဝယ်လို့ရတယ်။ အဲ့ဒီ ပဲအိတ် ကုန်တဲ့ အထိ ဒီစျေးအတိုင်းဘဲ ကိုယ့်မြို့သားတွေကို ရောင်းမယ်။ အဲဒါကုန်သွားရင်တော့ ကျန်တာ အခြေအနေအရပဲတဲ့။

ဒါက ပဲပြုတ်သည်ရဲ့ လေးစားစရာ စိတ်ထားဗျာ။

Credit : Than Htike