အောက်ဆီဂျင်အိုး ဝယ်ယူတဲ့အခါမှာ သတိထားဖို့ပါ

သတိထားဖို့ပါခင်ဗျာ။ ပြန်တင်ချင်သူတွေ copy ယူလို့ရပါတယ်။ CNG အိုး အလွတ်တွေကို ပုဂ္ဂလိက ဆိုင်တွေမှာ လိုက်ဝယ်နေကြတယ်။ ရောင်းတဲ့ ဆိုင်တွေကလည်း ရောင်းပေးလိုက်ကြတယ်။ မရောင်းတဲ့ ဆိုင်တွေကလည်း မရောင်းဘူး။

အသိ Gas ဆိုင်တွေရှိရင် စုံစမ်းကြည့်လို့ရတယ်။ CNG အိုးတွေကို ဝယ်ပြီး ခေါင်းဖြုတ်တယ် ပြီးတော့ ဆေးတယ် အထဲကို။ ဒါပေမယ့် CNG ဂျိုးတွေဟာဘယ်လိုမှ ဆေးလို့ မကုန်ဘူး။

ဒါပေမယ့် သင့်သလောက်ဆေးပြီး Oxygen ခေါင်း ပြောင်းတပ်တယ်။ ပြီးတော့ oxygen ထည့်ပြီးရောင်းစားနေကြတယ်။ လူမမာ ရှူမိရင် သေပြီလေ။ အာ့လိုတွေ လူမမာတွေ ဘယ်လောက်များများ သေပြီးကြပြီလည်း မသိဘူး။

ဒီမနက် မိသားစုလို ပတ်သက်နေတဲ့ အိမ်က online ကနေ တွေ့လို့တဲ့ Oxygen ၄ အိုး မှာလိုက်တာ ၅ ရက်နေတော့ ဒီနေ့လာပို့တယ်။ မသင်ကာလို့နားလည်သူကိုခေါ်ပြတော့ CNG အိုးတွေ ဖြစ်နေတယ်။

ဖုံးပြန်ခေါ်တော့ လိုင်းပိတ်သွားပြီ ၁၆ သိန်းပေးလိုက်ရတယ်တဲ့ ၄ အိုးဖိုး။ ရှူမိတဲ့ သေတဲ့ DB တွေက နှုတ်ခမ်းတွေ ပြာနေတယ် အသားတွေ ပြာနေတယ်။ အဆုတ်ကွဲ သေတယ် ကြားပါတယ်။

အောက်ဆီဂျင်အိုး ဝယ်ယူရာမှာ ဂရုစိုက်ကြပါခင်ဗျာ။ နားလည်သူနဲ့ ပြပြီးမှ ဝယ်ကြပါ။

Credit : မူရင်းရေးသားသူ