နောက်ဆို အောက်စီဂျင် အိုးတွေကို အပြင်မှာ ရင်းနှီးတဲ့သူ ခင်တဲ့သူ မဟုတ်ရင် မငှါးပေး မကူပေးတော့ဘူးဗျာ

နောက်ဆို အောက်စီဂျင် အိုးတွေကို အပြင်မှာ ရင်းနှီးတဲ့သူ ခင်တဲ့သူ မဟုတ်ရင် မငှါးပေး မကူပေးတော့ဘူးဗျာ။ ဘယ်လောက်ဖြစ်နေနေ။

ကိုယ်ပေးလိုက်တုန်းက O2 ဖြည့်ပြီးသားအိုးကို FlowMeter အသစ် ၊ Adjustorခေါင်း , ဂွ , အသက်ရှုပိုက် အစုံအလင်။ လူနာသက်သာလို့ ပြန်အပ်တော့ Flowmeter မပါလာတော့တာနဲ့ ၊ ပျက်သွားရတာနဲ့ ယူထားရတာနဲ့ ။ ခေါင်းပျောက်သွားတာနဲ့ ဂွပျောက်သွားတာနဲ့။ အဆင့်သင့်ရှူရုံလေး လာကူညီပေးထားတာဗျာ။ နည်းနည်းတော့ သိတတ်ကြပေါ့။

ကိုယ်ကပြောတော့ ဘယ်လောက်ကျလဲ ပြန်ဝယ်လို့ ရတယ်မလား။ ပိုက်ဆံပဲပြန် လျော်လိုက်တော့မယ်လေတဲ့ ။ တစ်ပြားမှ မပေးနဲ့ နောက်လည်း အကူညီ လာမတောင်းနဲ့လို့ ပြောခဲ့တယ် ။

ခင်ဗျားတို့ အရမ်းလူပါးဝတယ်ဗျာ လူ့အတ္တတွေ ။

Source : Aung Khine Min