အောက်စီဂျင်ရှူနေကြခြင်းကို မေ့ဆေးဆရာတစ်ဦးအနေဖြင့် အကြံပြုလိုပါတယ်

🚩သတိထားပြီး အားမငယ်ကြရအောင်ပါ။ ကိုယ်တို့ပြည်သူပြည်သားများ အောက်စီဂျင်ရှူနေကြခြင်းကို မေ့ဆေးဆရာတစ်ဦးအနေဖြင့် အကြံပြုလိုပါတယ်။

📌ပြီးခဲ့တဲ့၂ရက်လောက်က ကျွန်တော်ပြောခဲ့ပါတယ်။လေထဲမှာရှိတဲ့အောက်စီဂျင် (၂၀-၂၁%)ဟာလုံလောက်တာထက် ပိုပါတယ်ဆိုတာကို ထပ်မံအတည်ပြုပြောချင်ပါတယ်။

🚩ဒါပေမဲ့ ကိုဗစ်မှာ “ဘာ့ကြောင့် အောက်စီဂျင်အပိုကို သုံးနေကြရလဲ” ဆိုတဲ့မေးခွန်း မေးစရာရှိပါတယ်။

📌ရှင်းပြပါ့မယ်။

လူကိုယ်ခန္ဓာရဲ့အဆုပ်မှာ လေအိပ်( alvilia)လေးများ ၇မီလီယံလောက် ရှိပါတယ်။ ထိုလေအိပ်များကို ဖြန့်လိုက်ရင် အလျား၇၀မီတာ၊ အနံ၇၀မီတာလောက် ကျယ်ပါတယ်။ ထိုလေအိပ်လေးများကို သေးငယ်တဲ့လေပြွန်(bronchioles) လေးများဖြင့် စပျစ်ခိုင်လို ဆက်သွယ်ထားပါတယ်။ ထိုလေအိပ်ပတ်ဝန်းကျင်မှာက သေးငယ်တဲ့ ဆံခြည်မျှင်သွေးကြောလေးများဖြင့် ဝန်းရံထားပါတယ်။ ကိုယ်ခန္ဓာက လိုအပ်တဲ့အောက်စီဂျင်ကို အဲဒီနေရာကနေ ကိုယ်ခန္ဓာထဲ ပို့ရပါတယ်။

📌ကိုဗစ်ဖြစ်သူများရဲ့ ပြသနာက အဲဒီနေရာမှာပါ။
📌ဆံခြည်မျှင်သွေးကြောလေးများ ပိတ်တယ်။
📌လေအိပ်ပြွန်ငယ်လေးများ ချွဲဖြင့်ပိတ်တယ်။

📌ပိတ်တဲ့အရွယ်အစားပေါ် မူတည်ပြီး လေအဝင် အထွက်၊ အောက်စီဂျင် ကိုယ်ထဲရောက်တဲ့ပမာဏ ကွာကြပါတယ်။ အောက်စီဂျင်ကျတယ်ဆိုတာ ပိတ်တဲ့ပမာဏ များလိုပါ။

📌အောက်စီဂျင်ရှူလိုက်ခြင်းအားဖြင့် ကျန်နေတဲ့ လေအိပ်နဲနဲလေးထဲမှာရှိတဲ့ အောက်စီဂျင်(၂၀%)ကို မြှင့်ပေးလိုက်တာပါ။ အဲဒါဟာ ခဏတာဘဲ ကောင်းပါတယ်။ ရက်ပိုင်းလေးပါ။

📌အောက်စီဂျင်ကို၌က ကြာကြာရှူရင် လေအိပ်လေးများ ပြန်ဖောင်းလာအောင် လုပ်ပေးတဲ့ surfactant လို့ခေါ်တဲ့ ဓါတ်တစ်မျိုးကို ယုတ်လျော့စေပါတယ်။ ဒါ့ကြောင့် အောက်စီဂျင်ကို ဘိန်းရှူသလို တစ်ပါတ်နှစ်ပါတ်ရှူနေရင် ကျန်နေတဲ့လေအိပ်လေးတွေပါ ပိတ်ကုန်ပြီး လူသေတဲ့အထိ ဖြစ်လာပါလိမ့်မယ်။ တစ်ချို့ဆို (၃-၄)ရက်အတွင်း သေကြရပါတယ်။

📌📌📌ဒါ့ကြောင့် လေအိပ်ပြန်ဖွင့်ပေးမဲ့ အသက်ရှူလေ့ကျင့်ခန်းကို (မဖြစ်မနေ) ကျန်တဲ့လေအိပ်လေးတွေ မပိတ်ခင် ထိထိရောက်ရောက် လုပ်ကိုလုပ်ရပါ့မယ်။ နေကောင်းနေစဉ်ကတည်းက လေ့ကျင့်နေရင် တကယ်လက်တွေ့ရောဂါရတော့ ဆက်လုပ်နိုင်တာပေါ့။

🚩ကိုယ်တို့ပြည်သူပြည်သားများ ကိုဗစ်ကို နိုင်အောင် တိုက်နိုင်ကြပါစေ…

Credit : Aye Pe