တစ်ကယ် ဖြစ်ပြီးသား သူတွေက သတိပေးတယ် အစ်မ လျှောက်မဝယ်နဲ့နော်တဲ့

တစ်ကယ် ဖြစ်ပြီးသား သူတွေက သတိပေးတယ် အစ်မ လျှောက်မဝယ်နဲ့နော်တဲ့

သူတို့အိမ်မှာ 5L 8L တွေတကယ်အောက်စီဂျင်လိုတဲ့အခါပေးလို့မရဘူး အလကားဖြစ်ကုန်တာ Liter တစ်ခုထဲ ကြည့်မဝယ်နဲ့။ ပြီးတော့ စက်ပြန်သန့်ဖို့ လေ ပြန်သန့်ရှင်းရေးလုပ်တာတွေလည်း အရေးကြီးတယ်။ အောက်က အချက်တွေရှိတဲ့ဟာနဲ့ စိတ်ချယုံကြည်ရတဲ့ ဟာပဲဝယ်ပါတဲ့။

နို့မို့ဆို ပိုက်ဆံလည်းကုန် စိတ်လည်းညစ်ရတယ် တကယ်အသုံးတဲ့တဲ့ပစ္စည်းထပ်ဝယ်ဖို့မလွယ်သလိုပိုက်ဆံလည်းအရမ်းကုန်ပါမယ်တဲ့ အပူပေါ်အပူဆင့်နေရမယ်နော်တဲ့။ Oxygen concentrator ရောင်းတဲ့သူတွေကလည်း သေချာနားလည် ပြီး သေချာသိ မှ သွင်းပေးပါနော်။

oxygen concentrator ဆိုပြီးသွင်းမလာကြပါနဲ့ 10Lဆိုပြီးလည်းမရောင်းကြပါနဲ့။ မရှိတာထက်စာရင် ဆိုတာက တကယ်ဖြစ်ရင် သုံးလို့မရတာပါ။ Oxygen Concentrator စက်က Liter တစ်ခုထဲပေါ်မှာ အခြေခံတာ မဟုတ်ဘူး။ အောက်ကရေးပြထားတဲ့ အချက် (၄) ချက်ပေါ်မှာ အခြေခံတာ

#Oxygen Concentration (%)
* 90% -96% ရရင် ဝယ်
*အဲ့လောက်မှ မရရင် မဝယ်နဲ့
*အပြင်အလကားရတဲ့လေသာရှူကြ

#Oxygen Output Pressure (kpa)
* 30kpa – 60kpa ရရင် ဝယ်
* အဲ့ဒါအဆုတ်အတွက်အကောင်းဆုံး Range
* အဲ့ထက် ပိုနေ/ လိုနေလဲ အဆင်မပြေ

#Oxygen Flow rate (liter/min)
* Medical grade မှာ တစ်မိနစ်တိုင်း 1 liter ကနေ 5 liter အထိပေးလဲ concentration 96% မှာ အငြိမ်ရှူနေရုံပဲ (10 liter ဆိုတာမပါဘူးနော် သေချာကြည့်)
* Non Medical မှာတော့ တစ်မိနစ်တိုင်း liter များလေလေ concentration ကျလေလေပါပဲ
* အဲ့တော့ အပြင်မှာ အလကားရတဲ့လေကလဲ 25% ရနေတာပဲလေ ငွေနဲ့ဝယ်ရှူမနေနဲ့

#Power Consumption (Watt)
* 300W – 400W လောက်ရမှဝယ်ကြ
* အဲ့လောက် watt ရမှ Compressor ကကောင်းကောင်းအလုပ်လုပ်နိုင်မှာ
* အဲဒါမှ လိုချင်တဲ့ Oxygen Pure (%) ထိရောက်အောင်လုပ်ပေးနိုင်မှာ
* အဲ့လောက်မှ မရရင် compressor အတွက်က အပိုပဲ ဝယ်မနေနဲ့

10 Liter က covid အတွက် ပိုကောင်းတယ်လို့ ဘယ်သူညှော်တာလဲ။ သူများက 10 Liter ဆိုတိုင်း 10 Liter နေကြတာ။ ကိုယ်က ဘာအတွက် သုံးမှာလဲ သေချာစဉ်းစား သေချာရွေး။ 10 Liter ဆိုပြီး စျေးတွေ အဆမတန် တင်ရောင်းနေကြ။

ဘယ်နိုင်ငံကမှ လက်မခံတဲ့ တရုတ်နိုင်ငံကတချို့စက်တွေကို Online Shopping မှာ အဝတ်အစား ဝယ်သလိုနဲ့ အလုအယက် ဝယ်နေကြတဲ့ ငါတို့ ပြည်သူတွေကို သနားလွန်းလို့ပါ။

Medical Grade များသာဝယ်ဖို့လိုပါတယ်။

Credit : မူရင်းတင်သူ