ဘာနဲ့မှလဲလို့ မရတဲ့ မိဘမေတ္တာ ကြီးမားတယ်ဆိုတာ

သား ဖုန်း၀ယ်တာ ငွေကြပ်သွားလို့။ အဖေ သားပိုက်ဆံလေး ၃ သိန်းလောက် ရှိဦးမလား လှမ်းမေးတာ။ ရှိတယ် ရှိတယ် ဆိုပြီး ချက်ချင်း လာပို့တာ။

ခုတော့ အဲ့ ၃ သိန်းက သားအတွက် အဖေ့ ရွှေထည်လေး ပေါင်ပြီး လာပေးတာတဲ့လားဗျာ။ အဖေ့အခန်းလေး ရှင်းမှ ထွက်လာတယ်။

အမေ့ကို ပြောတယ်တဲ့ ငါ့သားသမီးတွေ လိုရင် မရှိဘူး ဆိုတဲ့ စကားကို မထွက်ရက်တာ ငါကတဲ့။ အဖေရယ် သားရင်ထဲမှာ အပူမီးတွေ တောက်နေတာဗျ။ သား သွားရွေးလိုက်ပါပြီနော် အဖေ။

အဖေ့ ဂုဏ်ကျေးဇူးတွေကို သတိရရင်း အဖေချစ်တဲ့သူတွေ အပေါ်မှာ သား အဖေ့လို တာ၀န် ကျေစေရပါမယ်။

Source : Myo Ko Ko