အောက်ပိုင်းက မသန် မာန်မလျော့ပဲ ဖအေဖြစ်သူအတွက် အောက်ဆီဂျင်ကို မရရအောင် ရှာပေးခဲ့တဲ့ ကိုသီဟ

နာမည်က ကိုသီဟ။ နေရပ်က တံတားဦး။ အောက်ပိုင်းကမသန် မာန်မလျော့ပဲ ဖအေဖြစ်သူအတွက် နံနက် ၆ နာရီကတည်းက အောက်ဆီဂျင်ပေးတယ်ဆိုတဲ့ နေရာမှန်သမျှ ဆိုင်ကယ်လေးနဲ့ ရလိုရငြား သွားခဲ့ပေမဲ့ ဟိုကမောင်းထုတ် ဒီကနှင်လွှတ်တာကိုခံရတဲ့ ကိုသီဟ။

မသန်ပေမဲ့စွမ်းလိုက်တာ ဖခင်အတွက် ညကတည်းကတစ်ရေးမှမအိပ် ထမင်းမစားပဲ အောက်ဆီဂျင်ရှာခဲ့တာ နေရာစုံရောက်ခဲ့ပေမဲ့ ဖခင်အတွက် အောက်ဆီဂျင်မရခဲ့တဲ့ ကိုသီဟ။

သီရိဆင်ကာ လှုမှုကူညီရေးအသင်းကို ည‌နေအချိန်ထိ ရောက်လာခဲ့ပြီး သူ့ရဲ့ ဇွဲလုံလ ဖအေအပေါ်မှာ ထားတဲ့ စေတနာကြောင့် သူလိုချင်တဲ့ အောက်ဆီဂျင် ပေးနိုင်ခဲ့လို့ ကြည်နူးပီတိများနှင့်အတူ ကိုသီဟကို လေးစားမိပါကြောင်း ဂုဏ်ပြုအပ်ပါသည်။

အောက်ဆီဂျင်ရပြီး ကျွန်တော်လက်လေးကို ဆွဲလို့ ကျေးဇူးတင်ကြောင်းပြောလိုက်တဲ့အချိန် သူရဲ့ ပျော်ရွှင်မှု့ ကျွန်တော်တို့အသင်းသားများရဲ့ပီတိ ခန့်မှန်းသာ ကြည်ကြပါတော့ဗျာ

ဥက္ကဌ-☎️ 092001580
ကိုဖိုးသကြင်္န်☎️ 09402735753

သီရိဆင်ကာလူမှု့ကူညီရေး အသင်းအမရပူရမြို့။
ကိုသီဟ၏ ခွင့်ပြုချက်ဖြင့် အားလုံးမိဘအတွက် ပေးဆပ်နိုင်ကြပါစေ။