အိမ်ထဲမှာ သေဆုံးနေတာ ၃ ရက် ရှိပြီဖြစ်တဲ့ အဖွားနှင့် ပြုစု စောင့်ရှောက်မဲ့သူ မရှိတော့တဲ့ အဖိုး

အိမ်ထဲမှာ သေဆုံးနေတာ ၃ ရက် ရှိပြီဖြစ်တဲ့ အဖွားနှင့် ပြုစု စောင့်ရှောက်မဲ့သူ မရှိတော့တဲ့ အဖိုး

ကြည်မြင့်တိုင် ရတနာပုံလမ်းမှာနေထိုင်တဲ့အဖွားတစ်ဦးသေဆုံးနေတာ ၃ ရက်ရှိပြီဖြစ်ပြီး ကျန်ခဲ့တဲ့အဘိုးကိုလည်း ပြုစုစောင့်ရှောက်မဲ့သူမရှိဘူးလို့သိရပါတယ်။

“အဘိုးနဲ့အဘွားကျန်းမာရေးမကောင်းဖြစ်နေတယ်ပြောလို့ကမ်းလက်များမောင်နှစ်မတွေဖြစ်တဲ့ ကျနော်တို့သွားကြည့်ဖြစ်တယ်။ ဟိုရောက်တော့အဘွားကဆုံးတာသုံးရက်တောင်ရှိလို့အနံ့တောင်ထွက်နေပြီ။

အဘိုးကတာ့သတိရတစ်ချက်မရတစ်ချက်ဖြစ်နေတာကနေကျနော်တို့ရောက်ချိန်မှာတော့သတိကောင်းကောင်းပြန်ရလာပြီ။ အဘွားနားကိုသွားသွားပြီးနှိပ်နယ်ပေးနေလို့မနည်းတားယူရတယ်။

ကျနော်တို့အဖွဲ့ကတော့ကိုယ်နိုင်တာအကုန်ကူညီပေးခဲ့ပါတယ်။တစ်ယောက်ထဲကျန်ခဲ့တဲ့အဘိုးကတော့ခြင်ကိုက်ထားတဲ့အဖုအပိန့်တွေနဲ့ဒီညကိုတစ်ယောက်ထဲဘယ်လိုများဖြတ် သန်းမလဲဆိုပြီးတွေးပူနေရတယ်။ ဆရာဝန်ပြောတာကတော့အနီးကပ်ပြုစုစောင့်ရှောက်သူမရှိရင်အဘိုးလဲသုံးရက်ထက်မခံဘူးတဲ့။

ဘယ်လိုတွေတောင်ဝဋ်ကြေးကြီးနေတာလဲ မြန်မာပြည်ကြီးရယ်မုန် တိုင်းတွေမြန်မြန်ပြီးမြောက်စေချင်နေပါပြီ “လို့ ကမ်းလက်များပရဟိတအဖွဲ့ မှလူငယ်တစ်ဦးက လူမူကွန်ယက်မှာရေးသားပြောပြထားပါတယ်။