ည 12 နာရီလောက် အပြင်ဆေးခန်းတစ်ခုက ဖုန်းဆက်လာတယ်

5.8.2021 ကြာသပတေးနေ့ 5:40am ကျနော်တို့လည်း ကြောက်ပါတယ်။ ဒါပေမဲ့ မနေ့ည 12 နာရီလောက် အပြင်ဆေးခန်းတစ်ခုက ဖုန်းဆက်လာတယ်။

မွေးလူနာတစ်ဦး မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီးကို အရေးပေါ် ပို့ဆောင်ရမယ်တဲ့။ လူနာက ဗိုက်ထဲက ကလေးသေပြီး သွေးတွေလည်း ဆင်းနေတယ်တဲ့။ လွိုင်ကော်မှာ မေ့ဆေး ဆရာ၀န် အခက်အခဲကြောင့် မန္တလေးဆေးရုံကို ပို့ဆောင်ရမယ်တဲ့။

ဒါပေမဲ့ လူနာက ဆေးခန်းမှာ ဆေးစစ်လိုက်ရာ Positive ပိုးတွေ့ထားပါတယ်။ ခရီးရှည် ဖြစ်တာကြောင့် ကျနော်တို့အတွက် အတော့်ကို စွန့်စားရမဲ့ စွန့်စားမှုကြီးပါ။

ပိုးကူးစက်နိုင်ခြေအများကြီးရှိပါတယ်။ လမ်းခရီး တစ်လျှောက်လုံး PPE ၀တ်စုံပြည့် ၀တ်ဆင်ရမယ်။ Mask ၊ လက်အိတ် PPE လုံး၀ချွတ်လို့ မရပါဘူး။ စားတာသောက်တာက အစ လုံးဂ ဆင်ခြင်ရမှာပါ။

ပြန်ရောက်ရင်လည်း လိုက်ပို့တဲ့ ကလေး (၂)လုံး Quarantine ၀င်ရပါမယ်။ ကျနော်တို့တွေလည်း ကြောက်ပါတယ်။ ဒါပေမဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာကို မျက်နှာလွှဲခဲပစ် မလုပ်ရက်ပါဘူး။

Positive ပိုးတွေ့ထားတော့ ဘယ်ကားမှလည်း မလိုက်ချင်ကြပါဘူး။ ဒါကြောင့် ဒေါ်ဇာခြည်မိုး ၃၅နှစ် ဗ်ိုက်ထဲကလေး သေဆုံးပြီး သွေးဆင်းနေ ခွဲစိတ်ရမည့် လူနာအား ရွှေလွိုင်ကော် လူနာတင်ကားဖြင့် ပို့ဆောင်ကူညီ ပေးနေပါတယ် ခင်ဗျာ။

ပို့ဆောင်ကူညီသူ
– သန့်ဇင်ဖြိုး
– နေရှိုင်း

စော၀ဏ္ဏ
ရွှေလွိုင်ကော် ပရဟိတအသင်း
09771904530