၆၅ ကားပေါ်မှာ Masks ဝေမိလို့ ဖိနပ်နဲ့ အရိုက်ခံခဲ့ရတယ်

၆၅ ကားပေါ်မှာ Masks ဝေမိလို့ ဖိနပ်နဲ့ အရိုက်ခံခဲ့ရတာ နာလို့ထက် ရှက်လို့ တလမ်းလုံး ငိုလာမိတယ်။ အခုထိလည်း ငိုချင်နေတုန်းပဲ။

ကျွန်မက လမ်းထွက်ရင် masks တစ်ထုပ် အမြဲဆောင်တယ်။ တကယ်လို့ လမ်းသွားရင် masks မတပ်ပဲ သွားနေတဲ့ ကလေးတွေ ဒါမှမဟုတ် လိုအပ်နေတဲ့သူတွေ တွေ့ရင်ဝေဖို့ တတ်နိုင်သလောက်စေတနာလေးပါ။

အခုလည်း အဲ့လိုပဲ အဲ့အဒေါ်ကြီး ရဲ့ masks က အရမ်းကြီးကို နွမ်းဖတ်နေပြီး မဲတူးညစ်ပတ်နေတာ တွေ့တော့ စေတနာနဲ့ ရောဂါဖြစ်မှာစိုးတဲ့ စေတနာနဲ့ အိတ်ထဲပါလာတဲ့ masks တစ်ခုကို ထုတ်ပြီး ပေးမိလိုက်တယ်။

ချက်ချင်းကြီး ဖိနပ်ချွတ်ပြီး ရိုက်ပစ်ခဲ့တယ် “ငါ့မှာလည်း ရှိတယ်ဟဲ့တဲ့။ နင့်ကို ရဲစခန်းမှာလည်း တိုင်ပစ်မယ်”တဲ့။ တောင်းပန်လိုက်ရတယ် ရှက်လိုက်တာကိုမှ တခါမှလည်းမကြုံဖူးဘူး အရမ်းလည်းဝမ်းနည်းတယ် နောက်လည်းမဝေရဲတော့ဘူး။ အရမ်းရှက်တယ်။

Hsinn Shwe Sin Ei