ရိပ်သာက ဆရာလေးဆီကို ဖုန်းတက်ပြီး Kpay ကနေ သုံးသိန်း လိမ်ညာထုတ်သွားတဲ့ သူခိုး

🚨 Kpay Hacker ရေ အမျှ အမျှ အမျှ 🚨

ယနေ့ ရိပ်သာKpay ကနေ Hacker သူခိုးကို ၃ သိန်းကျပ် ရေစက်ချ လှူဒါန်းလိုက်ပါတယ်။

ဆရာလေးအာသဝက္ခယကို ဖုန်းဆက်ပြီး ဟိုမေးဒီမေးလျောက်မေး ရိပ်သာအခြေနေဘယ်လိုရှိလဲ၊ ဆရာတော်ရောနေကောင်းလား ၊ဆရာလေးရော နေကောင်းလား လျောက်ပြောရင်း ငွေလွှဲချင်လို့ ဘဏ်ကနေသွားလွှဲမှာ ဘန်ကောက်ကနေလွှဲမှာ ဆရာလေး မှတ်ပုံတင်နံပါတ်ကိုရအောင်တောင်းပြီး ဖုန်းမချပဲ တစ်ကျပ် အရင် ထုတ်ပါတယ်တဲ့။ နောက်တော့ သုံးသိန်းထုတ်သွားပါတယ်တဲ့ ဖြစ်ချိန် ၅ မိနစ်အတွင်းပါသွားတာပါ။ တစ်ကျပ်နဲ့ သုံးသိန်း ထုတ်ချိန် တစ်မိနစ်ပဲကွာပါတယ်။

ဦးလေး ဦးအောင်နိုင်ဦးက ဒီလူမဟုတ်တော့ဘူးဆိုပြီး ဖုန်းချပြီး ဆရာလေးက Kpay ဝင်ကြည့်တော့ ၃ သိန်းထုတ်သွားပါပြီ။

အတွေ့အကြုံတစ်ခုလို့ပဲ မှတ်ယူပါတယ် သိန်း ၃၀ လောက်ထုတ်မသွားတာပဲကျေးဇူးတင်ရမလို။ ခေတ်ပျက်ကြီးမှာ ငွေလိုသူတွေ ရိပ်သာက ပိုက်ဆံထုတ်ပြီး လိုအပ်တာအတွက် အသုံးပြုလို့အဆင်ပြေပါစေ လို့ပဲ မေတ္တာပို့လိုက်ပါတော့တယ်။

ခေတ်ပျက်ကြီးမှာ လုံခြုံမှုကမရှိတော့ပါသကား၊ အိမ်လာ ခိုးတာလည်းမဟုတ် ဓားထောက်လာလုတာလည်းမဟုတ် အော် နည်းပညာခေတ်မှာ ခလုတ်တချက်နှိပ်လိုက်တာနဲ့ အိမ်မှာနေရင်း ဓားပြတိုက်ခံရတဲ့ ဘဝရောက်လို့နေပြီ။ ဆရာတော်ပြောတာ ခေတ်မှ မကောင်းတာ ခုတကယ်ခေတ်က တော်တော်မကောင်းတော့လည်း ဖြစ်မှာပေါ့လေ။ တရားနဲ့ပဲဖြေပါတယ်။ သူခိုးရေ အမျှအမျှအမျှ ယူသွားတဲ့ ပိုက်ဆံနဲ့ အဆင်ပြေပါစေ။

နာမည်က မင်းကိုကိုတဲ့။ မင်းကိုကိုရေ ကျန်းမာချမ်းသာ အဆင်ပြေပါစေ။အားလုံးလည်း သတိထားရအောင်ပါ။

May Hnin Nwe