သင်ဇာလို မဖြစ်ရအောင် သင်ဇာရဲ့ မမတွေ ညီမလေးတွေကို သတိပေးပါရစေ

သင်ဇာလို မဖြစ်ရအောင် သင်ဇာရဲ့ မမတွေ ညီမလေးတွေကို သတိပေးပါရစေ။ သင်ဇာက ခေါင်းလျော်ပြီး လေပန်ကာရှေ့ မှာ အိပ်လိုက်တာ အရင်ကလည်း အိပ်ဖူးတယ် ဘာမှ ဖြစ်ပါဘူးဆိုပြီး။

အခုကြ အိပ်ယာနိုး လာတော့ ပါးတစ်ခြမ်းရွဲ့ သွားတယ်။ ပြီးတော့ မျက်နှာတစ်ခြမ်းက လည်း အကြောသေသွားခဲ့တယ်။ သင်ဇာလို မဖြစ်အောင် မမတွေရော ညီမလေးတွေရော ဂရုစိုက်ကြပါ။

ရေကိုအရမ်းအေးတာတွေ မချိုကြပါနဲ့ ရေခဲရေသောက်တာကို ရှောင်ကြပါ။ လက်ဖတ်စားချင်းလည်း ရှောင်ပါ ရေချိုးပြီး ခေါင်းလျော်ပြီးရင် ခေါင်းကို သေချာအောင် သုပ်ပါ ပြီးရင် မအိပ်ပါနဲ့။

အခု သင်ဇာမှာ ထမင်းလည်း ကောင်းကောင်းမစားနိုင်ဘူး ရေလည်းကောင်းကောင်း သောက်မရပါဘူးရှင့်။ နေ့ချင်းညချင်း ကြီးကို အရင်က လူငယ်လေ ဘာမှ ဖြစ်ဘူးလို့ ပေါ့ပေါ့ ပြောခဲ့တာ အခုသင်ဇာ ခံနေရပါပြီ။ သင်ဇာလို မဖြစ်အောင် ဂရုစိုက်ကြပါနော်။

အခုတင်တဲ့ စာလေးတွေကို သေချာ ဖတ်ကြည့်ပေးပါနော်🙏🙏🙏

Khin Thinzar Kyaw