သေသွားတဲ့ မိန်းမ သံသရာမှာ မကျွတ်လွတ်မှာ အရမ်း စိုးရိမ်လို့ပါတဲ့ ကတိသစ္စာတွေ တည်မြဲလိုက်တာဗျာ

ကျွန်တော့်ဆီမှာ ငွေသိန်း(၁) ထောင် ချေးထားတဲ့ အမျိုးသမီး ပြီးခဲ့တဲ့ လက Covid နဲ့ သေသွားတယ်။
ကျွန်တော်လေ ပုထုစဉ် ပီပီ ကိုယ့်ငွေတွက် စိတ်ပူသွားမိတယ်။ ပြန်လည်း တွေးပါတယ်။ အော် သူ့ခမျာ သေသွားရှာ ပြီပဲပေါ့။

ဒီမနက် သူ့အမျိုးသားက သူ့သားလေးနဲ့ ကျွန်တော့် အိမ်ကို ရောက်လာပီးတော့ သူတို့နေတဲ့ အလုံက condo ကို သိန်း ၉၀၀ နဲ့ ဖြတ်ယူပေးပါတဲ့။ ကျန်ငွေ သိန်း ၁၀၀ ကို ငွေသားယူပါတဲ့။ စာချုပ်ပါ တခါတည်း ချုပ်ပေးသွားတယ်။

ပြန်ခါနီး ပြောသွားတဲ့ စကားလေးက သူ့မိန်းမသံသရာမှာ မကျွတ်လွတ်မှာ သူအရမ်း စိုးရိမ်လို့ပါတဲ့။ ကတိသစ္စာတွေ တည်မြဲလိုက်တာဗျာ။

U Soe