အမယ်လေး နေ့ခင်းကြီး ကြားရတာ မြင်ရတာ ကြောက်စရာ

ကရင်နီပြည်နယ် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ထဲ ကိုယ်တွေ အိမ်နားမှာ ဖြစ်သွားတာ။ သူခိုးက နေ့လည်ကြီး အိမ်ထဲဝင် laptop phone ပိုက်ဆံယူပြီး ပြန်အထွက် အိမ်ရှင် ကောင်မလေးနဲ့ တိုးပြီး လူကိုပါ သတ်ဖို့ ကြံစည်။

ကတ်ကြီးနဲ့ ခေါင်းရယ် ရင်ဘတ်ရယ် ထိုးတာ။ လူကိုဒုက္ခမပေးပါနဲ့ နင်လိုချင်တာရှိရင်ပေးပါမယ် ပြောတာတောင်မရ ဝင်ထိုးတာ။ အမယ်လေး ကြားရတာ မြင်ရတာ ကြောက်စရာ။

အိမ်ရှင် မိန်းကလေးက အားရှိလို့ အသက်မသေ။ သူခိုးနဲ့ ရသလောက်လုံးထွေးပြန်ခုခံပြီး အပြင်ပြေးထွက်။ အကူညီတောင်းလို့ ဘေးအိမ်က သူခိုးဖမ်းကူ ။ ပြေးပြီးမလွတ်နိုင်မှန်းသိတော့ ခြုံထဲဝင်ပုန်းနေတဲ့ သူခိုးကို မိသွားပါတယ်။

အမျိုးတို့ အဆွေတို့ရေ သတိထားကြပါ နော်။ ကြုံတွေ့ရတဲ့ မိန်းကလေးကို သနားလိုက်တာ စိတ်ဒဏ်ရာ ရလောက်တယ်။ သူခိုးကလည်း အရင်က သူခိုးဟုတ်လား မဟုတ်လားတော့မသိ။ သူ့မိန်းမနဲ့ သူ့အမေ ရောက်လာပြီး တောင်းပန်ကြပေမဲ့ သူ့လုပ်ရပ်ကိုတော့ ရပ်ကွက်က လက်မခံနိုင်။ ခုတော့ ရဲလက်အပ်လိုက်ပြီ။

သူထိုက်သူ့ကံ ပြောလို့ရပေမဲ့ တဖက်ကတော့ စိတ်ဒဏ်ရာ စိတ်မလုံခြုံမှုတွေ ကျန်ခဲ့ပြီ။ သတိထားကြပါ မိသားစု ပတ်ဝန်းကျင် စည်းလုံးကြပါ။ တစ်ဦးကိုတစ်ဦး ဖေးမကြပါ ကူညီကြပါ။

ဘုရားရဲ့ ကွယ်ကာခြင်းထဲကို ပြန်လာကြပါ။ ဒုစရိုက်ကို ရှောင်ကြပါ။ အားလုံးဘေးကင်းကြပါစေ။

Credit : Naw Paleh Wah