ဆိုင်မှ ပေါင် 35000 တန် (မြန်မာငွေ သိန်း ၆၀၀ ကျော်) တန်ဖိုးရှိ လက်ကောက်ပျက်စီးသွားလို့ မူးမေ့လဲကျသွားရှာတဲ့ ဝယ်ယူသူအမျိုးသမီး

ရတနာပစ္စည်းဆိုင်မှာ ရောင်းချဖို့ပြသထားတဲ့ ပေါင် 35000 တန် ကျောက်စိမ်းလက်ကောက်ကို အမျိုးသမီးတစ်ဦးက ယူပြီးကြည့်စဉ်မှာပင် ကြမ်းပြင်ပေါ်ကို မတော်တဆပြုတ်ကျပြီး ကျိုးသွားခဲ့ပါတယ်။ လက်ကောက်ရဲ့တန်ဖိုးနဲ့အညီ ပေးလျှော်ရတော့မှာကို သိတဲ့ သနားစဖွယ် အမျိုးသမီးကြီးဟာ စိတ်ထိခိုက်ပြီး မူးမေ့လဲကျသည်အထိ ဖြစ်ခဲ့ရပါတယ်။

ဆိုင်ဝန်ထမ်းတွေကလည်း ၀ယ်သူအမျိုးသမီးအတွက် အလွန်စိတ်မကောင်းဖြစ်ပေမယ့်၊ ဒီလောက်တန်ဖိုးကြီးတဲ့ ပစ္စည်း ပျက်စီးသွားတာမို့ လျှော်ကြေးကိစ္စကို ရှေ့မျက်နှာနောက်ထားပြီး ပြောခဲ့ရတယ်လို့ ဆိုပါတယ်။ ဒေသခံသတင်းစာမှာတော့ အဆိုပါအမျိုးသမီးကြီးဟာ လက်ကောက်ကို ခဏစမ်းဝတ်ကြည့်ဖို့ ကြိုးစားစဉ် မတော်တဆ ပြုတ်ကျခဲ့ကြောင်း ဖော်ပြထားပါတယ်။

ယင်းသတင်းစာမှာတော့ လက်ကောက်ရဲ့တန်ဖိုးဟာ ပေါင် 34000 (မြန်မာငွေ 595 သိန်း) အထိ တန်ကြေးရှိကြောင်း၊ သိရပါတယ်။ အမျိုးသမီးကြီးကို ဆေးရုံအမြန်ပို့ခဲ့ရပြီး၊ သူမရဲ့ မိသားစုဝင်တွေက ပေါင် 8000 ပေးချေမယ့်အကြောင်း ဆိုင်ရှင်ကို ကမ်းလှမ်းခဲ့ပေမယ့်၊ ဆိုင်ရှင်က သက်ညှာသော ဈေးနှုန်းဖြင့် ပေါင် 20000 ပေးမှ အဆင်ပြေမယ်လို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ Ruili မြို့က ရတနာအရောင်းဆိုင်တစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ အမျိုးသမီးကြီးအနေနဲ့ ယခု မတော်တဆဖြစ်ရပ်အတွက် တရားရင်ဆိုင်ရတာတွေ ဘာတွေတောင် ရှိလာနိုင်ကြောင်း မျက်မြင်သက်သေတစ်ဦးမှ ပြောကြားခဲ့ပြီး၊ ဒီလောက် တန်းဖိုးကြီးတဲ့ ပျက်စီးမှုကိုတော့ သူတို့လည်း မတွေ့ဖူးခဲ့သေးကြောင်း ဆိုပါတယ်။

Source : Shwemom